နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ သဲချောင်း(လက်သမား)ကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပေါ့ဆမီးကြောင့် နေအိမ်လေး လုံးနှင့် ဈေးဆိုင်ခန်း တစ်ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ့ဆမီးမှာ သဲချောင်း(လက်သမား)ကျေးရွာနေ ဦးဇာကိရ် ယူဆန်၏ နေအိမ်မှတဆင့် စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင် ကျွမ်းမှုကြောင့် နေအိမ် လေးလုံးနှင့် ဆိုင်ခန်း တစ်ခန်း မီးလောင် ပျက်စီးဆုံးရှုံး ခဲ့သည်။ ယင်းမီးလောင်မှုအား ပြည်နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် နှစ်စီးနှင့် ရွာသူရွာသားများက ၀ိုင်းဝန်းငြိမ်းသတ် သဖြင့် ညနေ ၅နာရီ ၄၅မိနစ်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးပေါ့ဆစွာ သုံးစွဲသူ ဦးဇာကိရ်ယူဆန်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၄င်းအား စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စစ်တွေမြို့နယ်၊ သဲချောင်း(လက်သမား)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:28
Rating:
