မိုးညှင်းတွင် ဖမ်းဆီးထားသော ကျောက်စိမ်းအရိုင်းများအား နေပြည်တော်မှ လာရောက်စစ်ဆေးနေ


ဖေဖော်ဝါရီ ၁၈

နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ညွန်ကြားရေးမှူးအဖွဲ့သည် ဖေဖ၀ါရီ၁၇ရက်နေ့က မိုးညှင်းမြို့သို့ရောက်ရှိကာ ဖမ်းဆီးအရေးယူထားခဲ့သော တရားမ၀င်ကျောက်စိမ်း အရိုင်းတုံးကား ၉ စီးကို လာရောက် စစ်ဆေးနေကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ကျောက်စိမ်းနဲ့ပါတ်သက်ပြီးတိုင်းတာမှုတွေကိုနားမလည်လို့နေပြည်တော်ကျောက်မျက်အဖွဲ့ကလာရောက်စစ်ဆေးတိုင်းထွာနေကြတာပါ။ဖမ်းဆီးထားတဲ့ကား၂စီးစာတော့ ၂ရက်အတွင်းစီစစ်ပြီးနေပါပြီ ၊အားလုံးပြီးအောင်ဆိုရင်တော့ ၅ရက်လောက်ထပ်ကြာနိုင်ပါတယ်'' ဟု မိုးညှင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးပြည်သိမ်းက မြစ်ကြီးနား သတင်းဂျာနယ်သို့ပြောသည်။

ဖမ်းဆီးမိခဲ့သောကား၉စီးမှ တရားမ၀င်ကျောက်စိမ်းတုံးများအား မိုးညှင်းမြို့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ( မစခ) အမှတ် -၉၀၄ တွင် လုံခြုံရေးအရ ခေတ္တထိန်းသိမ်းထားပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး ဒုညွန်ကြားရေးမှူးဦးအောင်ကျော်နှင့်အဖွဲ့တို့ကကျောစိမ်းများကို တစ်လုံးခြင်း၏အရွယ်အစား၊ လုံးပတ် ၊အမျိုးအစား၊ တန်ဖိုး တို့ကို စနစ်တကျ စီစစ်ပေးနေရာ၂ရက်အတွင်း၆တန်ခန့်စီစစ်ပြီးစီးနေကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။


ဖမ်းဆီးထားသောကျောက်ရိုင်းတုံးများ အားလုံးကိုစီစစ် မှတ်တမ်းတင်ပြီးပါက မိုးညှင်းမြို့မရဲစခန်းသို့စနစ်တကျလွဲပြောင်းပေးမည်ဖြစ်ကြောင်းမိုးညှင်းမြို့နယ်ထွေအုပ် က မြစ်ကြီးနားသတင်းဂျာနယ် သို့ပြောသည်။

ထွန်းထွန်း(မိုးညှင်း)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
မိုးညှင်းတွင် ဖမ်းဆီးထားသော ကျောက်စိမ်းအရိုင်းများအား နေပြည်တော်မှ လာရောက်စစ်ဆေးနေ  မိုးညှင်းတွင် ဖမ်းဆီးထားသော ကျောက်စိမ်းအရိုင်းများအား နေပြည်တော်မှ လာရောက်စစ်ဆေးနေ Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.