ကားနှင့်ဆိုင်ကယ် တိုက်မိမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ ၀ဲကြီးဒေါင့်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ (၂)ရက်ည နေ(၅)နာရီအချိန်က ယာဉ်တိုက်မှုတစ်ခုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

 ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၆၂/၄)နဲ့(၆၂/၅)ကြား၊ ၀ဲကြီးဒေါင့်ကျေးရွာမှာ ထူးကြီးကနေ ပုသိမ်ဘက်ကိုမောင်းနှင်လာတဲ့ PRADOကားဟာ ရှေ့ကမောင်းနှင်နေတဲ့ ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မတာကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့အသက်(၄၀)အရွယ်မယဉ်ယဉ်နုမှာ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်သူဦးဝင်းအောင်မှာ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။


 PRADO ယာဉ်မောင်း ဟန်သာထွန်းကို ယာဉ်(ပ)၄/၂၀၁၇၊ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၇၇/၂၇၉ နဲ့ ကုန်းပြင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို မင်းဇော်ဦး(ရေကြည်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကားနှင့်ဆိုင်ကယ် တိုက်မိမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး ကားနှင့်ဆိုင်ကယ် တိုက်မိမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.