(တောင်ကြီး၊ ဖေဖော်ဝါရီ ၁၁)
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ (၇)၊ အောင်မေတ္တာလမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ၀ါယာရှော့ခ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ညနေ ၅ နာရီ ၅၀ မှာ မီးစလောင်တာပါ။ ၅ နာရီ ၅၇ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ ၀ါယာရှော့ခ်ကနေ စလောင်တာလို့ သိရပါတယ်။ အိမ်ရှင်တွေက တခြားမှာနေပါတယ်။ အခုဘယ်သူမှမရှိဘူး။ သော့ခတ် ထားတာပါ။ ဘေးက တစ်ထပ်တိုက်အိမ်တစ်လုံးမှာတော့ တံခါးပေါက်ကို မီးဟပ်သွားပါတယ်” ဟု ညောင်ဖြူစခန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလှမှ ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် သုံးပင်ပတ်လည် ထရံအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ရှစ်သောင်းခန့်ရှိကြောင်း သိရှိရသည်။
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:43
Rating:
