ရွှေကူမြို့၌ စက်တပ်ရေယာဉ် အသေးတစ်စီး မီးလောင်မှုဖြစ်ပွား


ဗန်းမော် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက် ပတ္တမြား မင်းကျောင်း ဘုန်းတော်ကြီးကျောင်း အနီးရှိ ရွှေကူ-ဆင်တပ် စက်လှေကူးတို့ ဆိပ်တွင် ရေလဲကျေးရွာနေ အဘ ဦးဖိုးကြည်၏ သားဖြစ်သူ ကိုသန်းလွင် (၅၂) နှစ်၏ စက်လှေသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စက်နှိုးနေစဉ်အတွင်း အင်ဂျင်မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုအား ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသန်းယဉ်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီး၊ ရွှေကူမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟိန်းဝေဇင်လတ်နှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိပြီး မီးငြိှမ်းသတ်ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စက်တပ်ယာဉ်လှေသဗ္ဗာန် တစ်စီးဆုံးရှုံး ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရွှေကူမြို့၌ စက်တပ်ရေယာဉ် အသေးတစ်စီး မီးလောင်မှုဖြစ်ပွား  ရွှေကူမြို့၌ စက်တပ်ရေယာဉ် အသေးတစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.