အောင်မင်္ဂလာကားဝင်းတွင် နှစ်နှစ်အရွယ်ကလေးငယ်အား ပါကင်ထိုးစဉ် ကြိတ်မိသေဆုံး


ရန်ကုန် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး အောင် မင်္ဂလာ အဝေးပြေးဂိတ် အမှတ်(၂) တွင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့  ညနေ ၄နာရီက အသက်နှစ်နှစ်အရွယ် မိန်ကလေး အား ကားပါကင်ထိုးစဉ် ကြိတ်မိ ခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်သည် နေ ရာမှာပင်သေဆုံးခဲ့ပြီး သိန်းသန်း ကျော် ယာဉ်လိုင်းက ကားပါကင် ထိုးရာတွင် နောက်ကြည့်မှန်ကြည့် ၍ကားပါကင်ထိုးခြင်းမဟုတ်ခြင်း ကြောင့်ဟု အခင်းဖြစ်ပွားရာနေရာ တွင် ရှိနေသူများကဆိုသည်။

ယင်းကလေးငယ်မှာမွေးချင်း ငါးယောက်တွင် သမီးထွေးဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ အဝေးပြေး ကွင်းအတွင်း ရေသန့်ဘူးလိုက် ကောက်သည့် ကလေးငယ်တစ်ဦး ဖြစ်ကြောင်းသိရသည်။
ယင်းကလေးငယ်၏ ဖခင်က သေဆုံးသွားပြီဖြစ်ပြီး ကလေး ငါးယောက်အားအမေဖြစ်သူကရေ သန့်ဘူးကောက်ကာ ကျွေးမွေး စောင့်ရှောက်နေသည်ဟု သေဆုံး သွားသည့်ကလေးငယ်၏ မိခင် ဖြစ်သူက ဆိုသည်။ ကလေးငယ် အလောင်းအားပုလဲမြို့အရန်မီးသတ် တပ်ဖွဲ့မှ မေဓာဝီဆေးရုံတွင် ဏျွ၅ဝ ဖြင့် အပ်နှံပေးခဲ့ပြီး မိခင်ဖြစ်သူအား ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့မှ ငွေကျပ် ၂ဝဝဝဝ ကူညီထောက်ပံ့ ခဲ့ကြောင်း သိရသည်။

သေဆုံးသူကလေးငယ်အမည် မှာ မပြည့်ပြည်ဖြိုး အသက်နှစ် နှစ်အရွယ်ဖြစ်ပြီး အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ သိန်းသန်းကျော် ခရီး သည်တင်ယာဉ်မောင်းဖြစ်သူဦးဇော် မြင့်နိုင် ၄၃နှစ်အား မင်္ဂလာဒုံ မြို့မ ရဲစခန်း၌ ယာဉ် (ပ) ၁၉/၂ဝ၁၇၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်
The Union Daily
https://www.facebook.com/uniondaily.net/

အောင်မင်္ဂလာကားဝင်းတွင် နှစ်နှစ်အရွယ်ကလေးငယ်အား ပါကင်ထိုးစဉ် ကြိတ်မိသေဆုံး  အောင်မင်္ဂလာကားဝင်းတွင် နှစ်နှစ်အရွယ်ကလေးငယ်အား ပါကင်ထိုးစဉ် ကြိတ်မိသေဆုံး Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.