ဆိုင်ကယ်မှ လူကိုတိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ ဆိုင်ကယ်မှောက် သေဆုံး
သုံးခွ ဖေဖော်ဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ နယ် သုံးခွအနောက်ကျေးရွာ တံတားထိပ်အနီး သန်လျှင် - သုံးခွ ကားလမ်းမ မိုင်တိုင်အမှတ် ၄၉/၆ နှင့် ၄၉/၇ အကြား၌ ဆိုင်ကယ်မှ လူကိုတိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ ဆိုင်ကယ်မှောက် သေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်က သိရသည်။
ဖြစ်စဉ်အားစုံစမ်းကြည့်ရာ သုံးခွဘက်မှ သန်လျှင်ဘက်၊ အရှေ့မှ အနောက်သို့ ဝင်းမိုးကျော် အသက်(၁၅)နှစ် (ဘ)ဦးတင်ငွေ မကျီးပေါက်ကန်ကျေးရွာ သုံးခွမြို့ နယ်နေသူ မောင်းနှင်သော ဆိုင်ကယ်အမှတ် ၅၆ယ/ ၅၇၅၀၄ ၊ဒန်ယမ်း ၁၁၀ ခဲရောင်ဆိုင်ကယ်(လိုင်စင်ရှိ) မှ လမ်းဘေးတွင် ရပ်နေသော ဒေါ်ခင်ဝင်း အသက်(၅၂)နှစ် (ဘ) ဦးခင်မောင် သုံးခွအနောက်ကျေးရွာနေသူအား ဆိုင်ကယ်အရှိန်မထိမ်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်လဲကျကာ ဆိုင်ကယ်မောင်းနှင်သူ ဝင်းမိုးကျော်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွား၍ ရဲဆေးစာဖြင့်သုံးခွပြည်သူ့ဆေးရုံသို့ပေးပို့အပ်ရာ ပီအာလ်-၄/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးလျှက်ရှိပြီး ဒေါ်ခင်ဝင်းတွင် ယာခြေသလုံးကျိုး ဒဏ်ရာ၊ ဝဲခြေဖမိုးပွန်းပဲ့ ဒဏ်ရာများရရှိ၍ သုံးခွမြို့ နယ်ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာ သုံးခွဆေးရုံမှ ရန်ကုန်ဆေးရုံးကြီးသို့ အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသလျှက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သုံးခွမြို့ မရဲစခန်းမှ တရားလို တာဝန်မှူး ဒု ရဲအုပ် ကျော်မြင့်နိုင် က တရားခံ ဝင်းမိုးကျော် အား ယာဉ်(ပ)၉/၂၀၁၇၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
(ကြည်စိုးလွင်-သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွ အနောက်ကျေးရွာ တံတားထိပ်အနီး ဆိုင်ကယ်မှောက် သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:33
Rating: