ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၁၈
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ အကွက်အမှတ် ညည/ ၄၂ ၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား ရန်ပြေလမ်းနှင့် ရန်နိုင် လမ်းကြားတွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းထက်နိုင်မြင့်၊ ရဲမှူး ၀င်းနိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး တို့က ကြီးကြပ်၍ မီးငြိမ်းသတ်ယာဉ် (၃၀)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေမီးသတ် (၇၀)ဦး၊ အရံမီးသတ် (၁၂၀)ဦး၊ ရဲတပ်ဖွဲ့ဝင် (၃၉)ဦးနှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ငြှိမ်းသတ်ရာ ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပျဉ်ထောင် ပျဉ်ခင်းသွပ်မိုး (၂)လုံး၊ (၂)ထပ် ထရံကာသွပ်မိုး (၉)လုံး၊ မြေစိုက်ထရံကာ သွပ်မိုး(၃) လုံး စုစုပေါင်းနေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈)စု၊ ကျား (၄၂)ဦး၊ မ (၅၇)ဦး၊ စုစုပေါင်း (၉၉)ဦး မီးဘေးသင့်ခဲ့ကာ ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးစတင် လောင်ကျွမ်းသော နေအိမ် မှ ဒေါ်ခင်ရင် အား ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ) ၁၃၁/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ အရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး မီးဘေးသင့် အိမ်ထောင်စု များအား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက် ရှိ ဝေပုလ္လဒီပါ အေးမြဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။
သန်းဇော်မင်း (ပြ န်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်တွင် နေအိမ် (၁၄)လုံး မီးလောင်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:36
Rating:
