မောင်တောမြို့နယ်တွင် လူသေအလောင်းလေးလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စုံစမ်းနေ
ရန်ကုန် ဖေဖော်ဝါရီ ၂၂
မောင်တောမြို့နယ်တွင် လူ သေအလောင်း လေးလောင်းတွေ့ရှိ မှုနှင့်ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စုံစမ်းနေ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် လူဖမ်းပြင်ရွာနေ အဆူဘော်ဘီမှ ရွာတောင်ဘက် ကိုက် ၃ဝဝ ခန့် အကွာကွင်းပြင်၌လူသေအလောင်း များမြှုပ်နှံထားသည်ကို တွေ့ရှိရ ကြောင်း ယခုလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် အကြောင်းကြားချက် အရ ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာအား တူးဖော်ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့၏ အလောင်းများအားတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ အမျိုး သားတစ်ဦး၏ အလောင်းတွင် ဝဲ ချိုင်းအောက်ဖောက်ဝင်/ဦးခေါင်း အောက်ပွင့်ထွက်ဒဏ်ရာ၊ အမျိုး သမီးသုံးဦးအနက် နှစ်ဦးမှာ နောက် ကျောဖောက်ဝင်/ ကျောရိုးကျိုး ဒဏ်ရာများတွေ့ရှိခဲ့ပြီး ကျန်တစ်ဦး မှာ အတွင်းဒဏ်ရာမတွေ့ရှိခဲ့ ကြောင်းသိရပြီး ငါးခူရ နယ်မြေခံ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
နေထက်ဝေ
The Union Daily
https://www.facebook.com/uniondaily.net
မောင်တောမြို့နယ်တွင် လူသေအလောင်းလေးလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စုံစမ်းနေ
Reviewed by THITHTOOLWIN
on
16:26
Rating:
