ပြုပြင်ဆဲတံတားပေါ် ဖြတ်မောင်းသည့် မော်တော်ယာဉ် ချောင်းတွင်းပြုတ်ကျ


ကျောက်တန်း ဖေဖော်ဝါရီ ၂၁

ပြုပြင်ဆဲဖြစ်၍ တံတားပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန် တားမြစ်ထားသည့် ချောင်းကူးတံတားပေါ်မှ ဖြတ်သန်းမောင်းနှင်သော ကျောက်စရစ် တင် မော်တော်ယာဉ်တစ်စီး တံတားကျိုးကာ ချောင်းတွင်းသို့ ကျခဲ့သည်။

ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ တစ်ဖက်ကမ်း ပန်းတော - မီးပြလမ်း၌ မီးပြကျေးရွာ ကံ့ကော်လမ်းနေ ယာဉ်မောင်း ပြည့်ဖြိုးအောင် (ခ)ကုလား မောင်းနှင်လာသည့် ယာဉ်သည် ပန်းတော ကျေးရွာမှ မီးပြရွာသို့ ကျောက်စရစ်များ တင်ဆောင်မောင်းနှင်လာပြီး ဆောက်လုပ်ရေးမှ ပြုပြင်ဆဲအကျယ် ၂၄ ပေ၊ အရှည် ၁၂၅ ပေရှိ သနပ္ပင်ချင်းကျေးရွာအုပ်စု အငူချောင်း ကူးတံတားပေါ်မှ ဖြတ်သန်းမောင်းနှင်စဉ် တံတားအလယ်အရောက်၌ မပြင်ရသေး သည့်အပိုင်းမှ တံတားရက်မနှင့် ကြမ်းခင်းများပြိုကျကာ တံတားအောက်သို့ ကျသွား ခဲ့ခြင်းဖြစ်သည် ။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းမှာထိခိုက်မှုမရှိသော်လည်း တံတားပျက်စီးမှုအတွက် ယာဉ်မောင်း ပြည့်ဖြိုးအောင် (ခ)ကုလား အား အရေးယူပေးရန် လမ်းဦးစီးဌာန (မြို့ပြ)မှ တိုင်ကြားသဖြင့် မြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြုပြင်ဆဲတံတားပေါ် ဖြတ်မောင်းသည့် မော်တော်ယာဉ် ချောင်းတွင်းပြုတ်ကျ ပြုပြင်ဆဲတံတားပေါ် ဖြတ်မောင်းသည့် မော်တော်ယာဉ် ချောင်းတွင်းပြုတ်ကျ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.