မီးလောင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းဝါးလတ်လှေမှ ရေလုပ်သားများအား ၁၈ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံး

မီးလောင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းဝါးလတ်လှေမှ ရေလုပ်သားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ- ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၂ မိုင်ခန့် အကွာရှိ ပင်လယ်ပြင်၌ ဖေဖော်ဝါရီ ၇ ရက် ည ၁၂ နာရီခန့်တွင် စက်ခန်းအတွင်း ၀ါယာရှော့ဖြစ်ရာမှ မီးလောင်နစ်မြုပ်ခဲ့သည့် အဏ္ဏ၀ါရေလုပ်ငန်းကုမ္ပဏီမှ ပိုင်ဆိုင်သော မျိုးမြတ်ဟိန်းအမည်ရှိ ငါးဖမ်းဝါးလတ်လှေမှ လှေသား ၁၈ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ နာရီခွဲခန့်တွင် သွားရောက်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ငါးဖမ်းဝါးလတ်လှေသည် ရေလုပ်သား ၁၉ ဦးနှင့်အတူ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် ပင်လယ်ပြင်အတွင်း၌ ငါးဖမ်းဆီးနေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ရေလုပ်သားများအနက် စက်ဆရာဖြစ်သူ ဦးကျော်မိုးမှာ ပျောက်ဆုံးလျက်ရှိပြီး ကျန်ရေလုပ်သားများကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ရေလုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မီးလောင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းဝါးလတ်လှေမှ ရေလုပ်သားများအား ၁၈ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံး မီးလောင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းဝါးလတ်လှေမှ ရေလုပ်သားများအား ၁၈ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.