နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆင်တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖနွမ်းပင်မြို့ Peace Palace မှာ တွေ့ဆုံစဉ်။ Photo: MOI Webportal Myanmar |
ဖနွမ်းပင်မြို့ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဝန်ကြီးချုပ် ဟွန်ဆင်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
အာဆီယံ ပဋိဥာဏ်မှာ တခြားအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ ပြဌါန်း ထားပါတယ်လို့လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က ပြောကြားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ သောကြာနေ့က စတင်ရောက်ရှိနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရိုဟင်ဂျာပြဿနာဟာ မြန်မာ့ပြည် တွင်းရေးသက်သက်ဟု ကမ္ဘောဒီးယားပြော
Reviewed by THITHTOOLWIN
on
12:03
Rating: