အနက်ရောင်ဝတ်စုံဝတ်များနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွား

 အနက်ရောင်ဝတ်စုံဝတ် သောင်းကျန်းသူအချို့က လက်နက်ငယ်ဖြင့် ပစ်ခတ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၌ ထိတွေ့မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင် ၅၆ နှင့် ၅၇ ကြား၌ နယ်စပ်ခြံစည်းရိုးကင်းလှည့်လမ်း ပြုပြင်ရေးအဖွဲ့အား နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၆ရက် ညနေ၃နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းတွင် အသင့်နေရာယူထားသော အနက်ရောင် ၀တ်စုံဝတ်ဆင်ထားသည့် ခေါင်းဆောင် (စိစစ်ဆဲ) လက်နက်ကိုင် သောင်းကျန်းသူ အင်အား ၃၀ခန့်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများသည် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

ထိတွေ့မှုဖြစ်စဉ်တွင် ဒုတပ်ကြပ် ၀င်းသန်း၊ ဦးခေါင်းထိပ် အရှည် ၅စင်တီမီတာ ခန့် ဦးရေပြားလက်နက်ငယ်ကျည်ရှပ်ထိမှန် (မစိုးရိမ်ရ)၊ တပ်သားရဲထက် ဘယ်ဘက် လက်မောင်းနှင့် ဦးရေပြား ၄စင်တီမီတာခန့် လက်နက်ငယ်ကျည်ရှပ်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး သောင်းကျန်းသူထိခိုက်ကျဆုံးမှုအား ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အနက်ရောင်ဝတ်စုံဝတ်များနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွား  အနက်ရောင်ဝတ်စုံဝတ်များနှင့်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.