မောင်တောမြို့နယ်အတွင်း မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ


နေပြည်တော် ဖေဖော်ဝါရီ ၁၁

မောင်တောမြို့နယ်အတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၀ရက် ည ၈ နာရီခန့်တွင် ကျီးကန်းပြင်တောင် ရွာမှ ကျွဲတပြင် ကျေးရွာဘက်သို့ ဦးတည်လာသော မသင်္ကာသူ ၅ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းမသင်္ကာသူ ၅ ဦးမှာ ကျီးကန်းပြင် (အလယ်ရွာနေ)အာဂျီဒူရာမန်၊ ကျီးကန်းပြင် (တောင်ရွာနေ) ဖာရိုး၊ကျီးကန်းပြင် (အနောက်ရွာ) နေ ရှောင်ရှု အာလောင်၊ ကျီးကန်းပြင်(အလယ်ရွာ)နေ မာမောက်အီဆက်နှင့် ၀ါးပိတ်ကျေး ရွာနေ ရှုနာမြာတို့ ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မောင်တောမြို့နယ်အတွင်း မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ မောင်တောမြို့နယ်အတွင်း မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.