က​လေးမြို့တွင်​ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်း ၅ခုကို စည်းကမ်းသတ်​မှတ်​ချက်​များနှင့် ညီမညီ လိုက်​လံစစ်​​ဆေး


က​လေး၊​ ဖေ​ဖော်​ဝါရီ၂၄။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊က​လေးမြို့တွင်​ ​ဖေ​ဖော်​ဝါရီ၂၄ရက်​ မနက်​ပိုင်းက ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်းများ ခွင့်​ပြုစည်းကမ်းသတ်​မှတ်​ချက်​များနှင့်​ညီမညီစစ်​​ဆေးခဲ့​ကြောင်းသတင်းရရှိသည်​။

ပြည်သူ့​​​ဆေးရုံကြီးအဖွဲ့၊မြို့​တော်​စည်​ပင်​ဌာန၊အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန၊မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့၊ပြည်​တွင်းအခွန်​ဦးစီးဌာနတို့ပါဝင်​ဖွဲ့စည်းထားသည့်​​ကော်​မတီအဖွဲ့ကလိုက်​လံစစ်​​ဆေးခဲ့​ကြောင်းသိရသည်​။
" ဥပ​ဒေ​ဘောင်​ထဲကလုပ်​ထား​နေတာမဟုတ်​ပင်​မယ့်​၊သူတို့ကြ​တော့ဘယ်​သူကမှလာမစစ်​ဘူး၊ပိုက်​ဆံလည်းသွင်းစရာမလိုဘူး၊အစိုးရလည်းပိုက်ဆံသွင်းစရာမလိုဘူး၊​​​ကျ​နော်​တို့ကြ​တော့ပိုက်​ဆံလည်းသွင်းတယ်​၊ဘဏ်​ချလန်​လည်းသွင်းထားတယ်​​၊တရားဝင်​တင်​တယ်​၊ကျ​နော်​​ပြောတာက သူတို့လိုက်​စစ်​တယ်​ဆိုတဲ့ကိစ္စက ​ပုဂ္ဂလိက ကဏ္ဍကိုဖွံ့ဖြိုးတိုးတက်​​အောင်​လုပ်​ချင်​တာလား၊ စစ်​​ဆေးပါ ၊ မတင်​ဘဲနဲ့လုပ်​​နေတာ​တွေလည်းရှိတယ်​အထူးသဖြင့်​​ဆေးခန်း​တွေ​ပေါ့ ပုဂ္ဂလိက ​ဆေးခန်းဆိုတဲ့ဟာ​တွေက အိမ်​မှာ​နေရင်းနဲ့​ဆေးခန်းဖွင့်​တယ်​၊ ဥပ​ဒေ​ကြောင်းအရ ​ဆေးကု​နေတာဖြစ်​တဲ့အတွက်​ တင်​ကိုတင်​ရမှာပါ။ ဆရာဝန်​က ​ဆေးခန်းဖွင့်​ခွင့်​ရှိလို့ ဖွင့်​ပြီး တင်​တာ​တွေရှိတယ်​။ ဆရာဝန်​မဟုတ်​ဘဲနဲ့​ ဆေးခန်းဖွင့်​​နေတာ​တွေ မြင်​ရတယ်​။ အများကြီးရှိတယ်​။ ဒါတွေကိုကြ​တော့ စည်ပင်ကေ​​ရာ အခွန်​​ကောက်​သလား၊ ​လုပ်​ငန်းလိုင်​စင်​​တွေ​ကော ထုတ်​​ပေးထားသလား၊ ထုတ်​​ပေးထားရင်​ ဘယ်​လိုလုပ်​ငန်းနဲ့ ထုတ်​​ပေးထားသလည်း ​ဆေးခန်းအ​နေနဲ့ နာမည်​တပ်​ထုတ်​​ပေးထားသလား ပိုက်​ဆံကြ​ကောက်​တယ်​ စည်းမျဉ်းစည်းကမ်းကြ​တော့ မဟုတ်​​သေးဘူး၊ စစ်​ပြီးသားလား၊ လိုင်​စင်​ကျပြီးပြီဆိုရင်​လည်း ပြနိုင်​ရမယ်​၊မကျ​သေးဘူးဆို​ရင်​​ရောကျွန်တော်​တို့လို တရားဝင်​ဘာလို့မတင်​တာလည်း ဥပ​ဒေ​ဘောင်​အတွင်းဝင်​​အောင်​ ဘာလို့မလုပ်​တာလည်း၊ ဥပ​ဒေ​ဘောင်​အတွင်း ဝင်​​အောင်​လို့ တရားဝင်​​လျှောက်​တဲ့သူ​တွေကြမှ ဘာလို့ကွက်ပြီးစစ်​​နေတာလည်း​ "
ဟု စစ်​​ဆေးခံရတဲ့ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်း ပိုင်​ရှင်​တစ်​ဦးက​ ပြောသည်​။


က​လေးမြို့တွင်​ မှတ်​ပုံတင်​ထားတဲ့ ပုဂ္ဂလိက ​ဆေးခန်း၊​ဆေးရုံ ၁၀ ခုဝန်းကျင်​ခန့်​ရှိမည်​ထင်​​ကြောင်း ပြည်​သူ့​ဆေးရုံဝန်​ထမ်းတစ်​ဦးမှ​ပြောကြားသည်​။

" ပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံ​တော်​အစိုးရ ကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာန ကုသ​ရေးဦးစီးဌာနရဲ့ (ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်းများစစ်​​ဆေးချက်​ပုံစံ) ဖြင့်​ စစ်​​ဆေးခဲ့ပါတယ်​၊ ရဲမှုခင်းဆိုင်​ရာလူနာများ​ဆောင်​ရွက်​​ပေးမှု၊ထိခိုက်​ဒဏ်​ရာရရှိ လူနာများ​ဆောင်​ရွက်​​ပေးမှု​တွေနဲ့ပတ်​သက်​ပြီး ​ပုဂ္ဂလိက ​ဆေးခန်း၊​ဆေးရုံ ​သူ့အနီးအနားပတ်​ဝန်းကျင်​မှာဖြစ်​​ပေါ်ခဲ့ရင်​ အ​ရေး​ပေါ်ကုသ​ပေးပြီး ​ပြည်​သူ့​ဆေးရုံကြီးကိုလွှဲ​ပြောင်း​ပေးဖို့ ​တွေ ၊ ​ဆေးခန်း၊​ဆေးရုံ​တွေမှာ ​အသုံးပြုပစ္စည်းစနစ်​တကျစွန့်​ပစ်​ထားရှိ၊သိမ်းယူမှု​တွေ ၊ ကုသလူနာထားရှိမှု​တွေစသည့်​ဖြင့်​ ပုံစံထဲကဟာ​တွေအကုန်​ စစ်​​ဆေးခဲ့ပါတယ်​ " ဟု ​စစ်​​ဆေးမှုတွင်​ပါဝင်​သည့်​ ပြည်​သူ့ဆေးရုံအုပ်​​ဒေါက်​တာရွှေဝင်းက ​ပြောကြားသည်​။

စစ်​ကိုင်း​တိုင်းဒေသကြီး၊ က​လေးမြို့တွင်​ သက်​ဆိုင်​ရာအဆင့်​ ဝန်​ကြီးများ လာ​ရောက်​ပြီး​နောက်​ ပုဂ္ဂလိက ​ဆေးခန်း၊​ဆေးရုံများကို စစ်​​ဆေးမှုများပြုလုပ်​လာခြင်းဖြစ်ကြောင်း သိရသည်​။

ဓာတ်​ပုံ-စည်​သူထွန်း
စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
က​လေးမြို့တွင်​ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်း ၅ခုကို စည်းကမ်းသတ်​မှတ်​ချက်​များနှင့် ညီမညီ လိုက်​လံစစ်​​ဆေး က​လေးမြို့တွင်​ပုဂ္ဂလိက ​ဆေးရုံ၊​ဆေးခန်း ၅ခုကို စည်းကမ်းသတ်​မှတ်​ချက်​များနှင့် ညီမညီ လိုက်​လံစစ်​​ဆေး Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.