ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု ၊ နာင်ထောဝ်ကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့ (7-2-2017)နေ့ ညနေ ၇ နာရီခန့်က သမီးကို နှိပ်စက်နေတဲ့ သားမက်ကို ယောက္ခမ ကိုယ်တိုင် ဓားနဲ့ ခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယောက္ခမဖြစ်သူ ဒေါ်ခင်စန်းတင့် (၅၄)နှစ် က သမီးအား ရိုက်နှက်နှိပ်စက်နေသည့် သားမက်ဖြစ်သူ ကိုဝင်းခိုင်အား ဒါးရှည်ဖြင့် ခုတ်ရာ ကိုဝင်းခိုင်၏ ဝဲဖက်နားအထက်တွင် ၂ လက်မခန့်ပြတ်ရှဒါဏ်ရာတစ်ခု၊ ဝဲဖက်ဒူးခေါင်းနှင့် ဝဲ/ယာလက်ချောင်းများမှာ ပတ်ရှဒါဏ်ရာများရရှိပြီး ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်းသိရပါတယ်။
San Win
သမီးကို နှိပ်စက်နေတဲ့ သားမက်ကို ယောက္ခမ ကိုယ်တိုင် ဓားနဲ့ ခုတ်
Reviewed by THITHTOOLWIN
on
23:51
Rating:
