ကေအိုင်အိုကို သီးသန့်တွေ့ဆုံဖို့ ဖိတ်ကြား

နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော် ကို တွေ့ရစဉ်။ Photo:Myo Thant Khaing/ RFA
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အတွက် ငြိမ်းချမ်းရေးကော်မရှင်က စာပေးပို့လိုက်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က အတည်ပြုပြောပါတယ်။

ဇန်န၀ါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ဖိတ်ကြားစာတစ်စောင် ပေးပို့လာတာလို့ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ဂွမ်မော် က ပြောပါတယ်။

"ဟုတ်တယ် သူတို့ ပေးတဲ့စာမှာက နိုင်ငံရေး ဆွေးနွေးလိုလို့ ရှိရင်တဲ့ ရန်ကုန်ကို လာခဲ့ပါလို့ အဲ့လို ကျနော်တို့ကို စာရေးတယ်လေ၊ အဲ့တော့ ကျနော်တို့စာပြန်ရေး တာက နိုင်ငံရေးက ကျနော်တို့ ဆွေးနွေးချင်တဲ့ ဆန္ဒရှိလို့ပဲ ကျနော်တို့ နိုင်ငံရေးကိစ္စက ကျနော်တို့မှာ UNFC DPN နဲ့ တဆင့် အမြဲတမ်း ဆွေးနွေးလျှက်ရှိပါတယ်၊ နောက် ဒုတိယ အချက်ကတော့ အရင် ကျနော်တို့ သိပ်မရှင်းတဲ့ အချက်တွေပေါ့လေ ကျနော်တို့ ကြားမှာ နားလည်မှု ညှိဖို့ လိုအပ်တဲ့ ကိစ္စတွေ ကျနော်တို့ အရင်ပို့ထားတဲ့ စာတွေရှိတယ် အဲ့ဒီကိစ္စတွေလည်း ကျနော်တို့ကို ပြန်အကြောင်းကြားစေ ချင်တယ်လို့ ကျနော်တို့က စာပြန်ထား တာ၊ သဘောက ကျနော်တို့ပြောချင်တာက ကျနော်တို့နဲ့ KIO နဲ့ သီးသန့်ဆွေးနွေးဖို့ လိုအပ်တဲ့ ခေါင်းစဉ်တွေ ရှိရင်လည်း ကျနော်တို့က ဆွေးနွေးမှာပါ၊ ဒါပေမယ့် အခုလောလောဆယ် အခြေအနေကြတော့ ကျနော်တို့က ဥပမာ ကျနော်တို့ကို အကြမ်းဖက်တို့ ဘာတို့ပြီးရင် အခု စစ်ဆင်ရေးတို့ ဘာတို့ လုပ်နေတဲ့ အချိန်ကြတော့ ဒါတွေကို အရင်ကျနော်တို့က ကြေကြေလည်လည်ဆွေးနွေးပြီးမှပဲ ဘာခေါင်းစဉ်တွေ ဆွေးနွေးမလဲ ဆိုတာ အစီအစဉ်လုပ်ရမှာလေ အဲ့တော့ ကျနော်တို့က အရင်ပို့ထားတဲ့ စာတွေရှိတယ် အဲ့ဒါကြောင့် အဲ့ဒီ အရင် ကျနော်တို့ မေးထားတဲ့ ကျနော်တို့ဖက်က မရှင်းလင်းလို့ မေးမြန်းထားတဲ့ အချက်တွေကို လည်း ပြန်ပြီး ဖြေကြားပေးပါလို့ ကျနော်တို့က စာပြန်ထားတာ"

KIO ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ကနေပြီး ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ကို အကြောင်းပြန်စာ ပေးပို့ထားကြောင်းလည်း ပြောပါတယ်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ ဖြစ်သလို တအာန်း ၊ အေအေ ၊ ကိုးကန့် အဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကေအိုင်အိုကို သီးသန့်တွေ့ဆုံဖို့ ဖိတ်ကြား ကေအိုင်အိုကို သီးသန့်တွေ့ဆုံဖို့ ဖိတ်ကြား Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.