မုံရွာ ဖေဖော်ဝါရီ ၂
၂ဝ၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့ တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်နေရာကို ပြန်လည်ရွေး ချယ်နိုင်ရေး အတွက် အခြေခံမဲစာရင်းများကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အခြေခံမဲစာ ရင်းများကို ဖေဖော်ဝါရီ လ(၁)ရက်နေ့တွင် စတင်ထုတ်ပြန် ထားကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မုံရွာမြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတစ်ဦးအတွက် ပြန်လည်ရွေးချယ်ရာတွင် မဲဆန္ဒရှင် များ သိရှိနိုင်ရန်အတွက် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပထမအကြိမ်ထုတ်ပြန်ထား ခြင်းဖြစ်ပြီး အဆိုပါမဲစာရင်းတွင် အမည်မပါပါက မဲစာရင်းတွင်ထည်းသွင်း ပေးပါရန်တောင်းဆိုလွှာ- ပုံစံ (၃-က)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့် ပတ်သက်ပြီး မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ – ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့် ပတ်သက်ပြီး ကန့်ကွက်လိုပါက မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ – ပုံစံ (၄)ဖြင့်လည်းကောင်း လျောက်ထား နိုင်ကြောင်း အဆိုပါလျောက်ထားချက်များကို ဒုတိယ အကြိမ်ပြင်ဆင်ပြီး ပြန်လည်ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
''ပထမအကြိမ်မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေရဲ့ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ (၁၄)ရက်ကြာ ထုတ်ပြန်မှာပါ၊ အဲဒီမဲစာရင်းမှာ အမည်မပါတာ၊ သေဆုံးတာ၊ ပြောင်းရွေ့တာ၊ အကြောင်းအရာ တစ်ခုခုမှား တာတွေကို သတ်မှတ်ပုံစံတွေနဲ့ (၁၄)ရက်အတွင်းမှာ လျှောက်ထားရမှာပါ၊ လျှောက်ထားတဲ့ အကြောင်းအရာ တွေကို ကော်မရှင် အဖွဲ့ခွဲမှ စိစစ်ပြင် ဆင်ပြီး ဒုတိယအကြိမ် ပြန်လည် ထုတ်ပြန်ပေးသွားမှာပါ'' ဟုမုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုံရွာမြို့နယ်အတွင်း ရပ်ကွက်(၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာပေါင်း (၁၇၁)ရွာ ရှိပြီး မဲပေးနိုင်သူ ကျား(၁ဝ၆၄၇၈) (တစ်သိန်းခြောက်ထောင် လေးရာခုနှစ်ဆယ်ရှစ်)ဦး၊ မ(၁၃ဝ၂၁၆) (တစ်သိန်းသုံးသောင်း နှစ်ရာတစ် ဆယ် ခြောက်)ဦး၊ စုစုပေါင်း (၂၄၇၆၄ဝ)(နှစ်သိန်းလေးသောင်း ခုနှစ်ထောင်ခြောက်ရာ လေးဆယ်)ဦး ရှိကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံပေါင်း(၁၅၉)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ထုတ်ပြန်ထားသော အခြေခံမဲစာရင်း အရသိရသည်။
'' မဲစာရင်းက ပထမအကြိမ် ထုတ်ပြန်ထားတာဆိုတော့ သေဆုံးတာတို့၊ ပြောင်းရွေ့တာတို့နဲ့ အမည် စာရင်းထပ် တာတို့တွေရှိနိုင်တဲ့အတွက် အတိုး၊ အလျော့အနည်းငယ်ရှိနိုင်ပါတယ်'' ဟုမုံရွာမြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်အောင်က ပြောသည်။
မုံရွာမြို့နယ် အတွက်လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာသို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဝင်းမြင့်အောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးစိန်မောင်း၊ အမျိုးသားဒီမိုကရေစီပါတီမှ ဦးညွန့်လှိုင်နှင့် ပြည်သူ့ဒီမို ကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
မင်းဝေ(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
၂ဝ၁၇ ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများထုတ်ပြန်
Reviewed by THITHTOOLWIN
on
12:10
Rating:
