ကနီမြို့ နယ်မှာ ပေ ၂၀ခန့် ရှိ ချောက်အတွင်း ယာဉ်ထိုးကျတိမ်မှောက် ယာဉ်မောင်သေဆုံး
အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီ မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ်(၄၉)အနီးတွင် ပေ ၂၀ခန့် ရှိ ချောက်အတွင်း ယာဉ်ထိုးကျတိမ်မှောက်မှုကြောင့် ယာဉ်မောင်သေဆုံး ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ လာပို့ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
 စစ်ဆေးချက်အရ လာပို့ကျေးရွာဘက်မှ မုံရွာမြို့ဘက်သို့ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာနေ ရှမ်းလေး(ခ)သူရိန်မင်း(၃၇)နှစ်မောင်းနှင်လာသော I/×××× HINO အစိမ်းရောင်(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ အနက်ပေ(၂၀)ခန့်ရှိချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ရှမ်းလေး(ခ)သူရိန်မင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တစ်ရွာတည်းနေ ကျော်နိုင်ဌေး(၂၅)နှစ်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။
အဆိုပါ ယာဉ်တိမ်မှောက်မှုမှ ယာဉ်မောင် ရှမ်းလေး(ခ)သူရိန်မင်း အား ကနီမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
Powered by Blogger.