သီပေါမြို့နယ်တွင် ၂၂ ဘီးယာဉ်တစ်စင်းတိမ်းမှောက်ပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့်ယာဉ်များကိုပါတိုက်မိ



Share/Bookmark

သီပေါ၊ဖေဖော်ဝါရီ ၂၈။

,ယနေ့ ၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ နေ့လယ် ၁၂း ၃၀ ၀န်းကျင်ခန့် က ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၊ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၊ ပန်းစောက် ကျေးရွာ အနီး ၊မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ် တွင် ယာဉ် သုံးစင်း တိုက်မိခဲ့၍ ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်း အထိ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း၊ သီပေါမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးမှ လားရှိုးသို့မောင်းနှင်လာသည့် ၂၂ ဘီး(တွဲကား)ယာဉ်သည် ပန်စောက်ကျေးရွာ အနီးအရောက် အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ကြောင်း၊ တိမ်းမှောက်သည့် အရှိန်ကြောင့် ယာဉ်မှာ လမ်းမပေါ်တွင် ပေ ၁၀၀ခန့်ထိတရွတ်တိုက်ဆွဲပါသွားခဲ့ပြီး တစ်ဘက်ယာဉ်ကြော ( လားရှိုးမှ မန္တလေးသို့လာသည့်ယာဉ်ကြော)မှမောင်းနှင်လာသည့် FUSO ၁၂ ဘီးယဉ်နှင့် AD (ဗင်- ခဲရောင်) ယာဉ်နှစ်စီးတို့အားတိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ၁၂ ဘီး ယာဉ် နှင့် AD ယာဉ်များ၏ ဦးခေါင်းပိုင်းများသာအနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ်မောင်းများထိခိုက်မှုမရှိကြောင်း အထက်ပါရဲအရာရှိကပြောသည်။
“၂၂ဘီးတွဲကားပေါ်က ယာဉ်မောင်းကယာဘက်ခြေသလုံးရိုးကျိုးတယ်။ ယာဉ်နောက်လိုက်က ၀ဲဘက်ဒူးပေါက်ပြဲဒဏ်ရာရရှိတယ်။ သူုတို့ကိုသီပေါဆေးရုံကို တင်ပို့ပေးထားပါတယ် “ဟု ၄င်းကပြောသည်။


ယာဉ်မဆင်မခြင်မောင်းနှင်သူ ၂၂ ဘီးတွဲကားယာဉ်မောင်း အား သီပေါရဲစခန်းက ယာဉ်( ပ) ၈/၁၇၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၇/၃၃၈ ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း အထက်ပါရဲအရာရှိကပြောသည်။

“ဒဏ်ရာရတဲ့သူနှစ်ယောက်က မစိုးရိမ်ရပါဘူး၊ သူတို့ကို အခု သီပေါဆေးရုံကနေ မန္တလေးဆေးရုံကိုပို့လိုက်ပါပြီ။ တိမ်းမှောက်သွားတဲ့ ၂၂ ဘီးတွဲကားက ဆီဘောက်ဆာကားပါ။ အခုတော့ လမ်းပွင့်သွားပါပြီ။ ညနေ ၄း၁၀ နာရီမှာ လမ်းပွင့်သွားတာဖြစ်ပါတယ် “ဟု ယာဉ်တိမ်းမှောက်သည့်နေရာသို့သွားရောက်ကူညီပေးခဲ့သူ သီပေါမြို့၊ နယ်မစည်းခြား ပရဟိတအသင်း( ရှမ်းမြောက်) တာဝန်ခံ ကိုမျိုးကယနေ့ညနေပိုင်းတွင် AHN သို့ပြောသည်။

ညနေ ၄ နာရီ ကျော်ကျော်တွင် လမ်းပွင့်သွားခဲ့ကြောင်း၊ အတက်၊ အဆင်း ယာဉ်များကို တစ်လှည့်စီလွှတ်ပေးနေကြောင်း ယာဉ်တိမ်းမှောက်သည့်နေရာတွင်ရောက်ရှိတာဝန်ထမ်းဆောင်နေသည့် သီပေါရဲစခန်းမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကိုနေ( သီပေါ)
PHOTO -AHN
The Asia Heart News

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ