![]() |
ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ လူဒဏ်ရာရရှိမှုများဖြစ်ပွား |
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လတ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆၈/၆-၇) ကြားတွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိတောက် မြိုင်ရပ်ကွက်နေ ဦးအုန်းတင်(၆၀)နှစ်မောင်းနှင်လာသည့် 9B/×××× ရွှေနန်းထိုက် ခရီးသည်တင် ယာဉ်နှင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နေ သန်းဝင်းအောင်(၄၂)နှစ် မောင်းနှင်လာသည့် 3H/×××× HYUNDAI ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် HYUNDAI ယာဉ်ပေါ်ပါ ပုဏ္ဏားကျွန်းမြို့နယ်နေ မျိုးမင်းဦး(၂၂)နှစ်ပါ(၆)ဦးနှင့် 9B/×××× ယာဉ်နောက်လိုက် ရေကြည်မြို့နယ်နေ ဇော်ထွန်း(၄၆)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ဦးအုန်းတင်နှင့် သန်းဝင်းအောင် တို့အား ဝေါမြို့မရဲစခန်းယာဉ်(ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ရွှေနန်းထိုက် ခရီးသည်တင် ယာဉ်နှင့် အိမ်စီး ကားလေး တစ်စီး မျက်ချင်းဆိုင်တိုက်မိ
Reviewed by THITHTOOLWIN
on
19:30
Rating:
