သုံးဘီးဆိုင်ကယ်တစ်စီး ချောက်ထဲကျ သုံးဘီးနှင့်အတူ လူတစ်ဦးပါ မီးလောင်


က​လေး၊​ဖေ​ဖော်​ဝါရီ ၉။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးမြို့ နှင့် ကလေးဝမြို့သွားလမ်း၊ ​အေးသာယာရွာအနီးတွင်​ ဇန်​နဝါရီ ၈ရက် ​ည၉နာရီဝန်းကျင်​၌ လီဖန်းသုံးဘီးဆိုင်​ကယ်​တစ်​စီး​၊ ချောင်း​ချောက်​ကမ်းပါဘက်​ပြုတ်​ကျပြီး လူတစ်​ဦးပါ မီး​လောင်​ကျွမ်းခဲ့​ကြောင်း သတင်းရရှိသည်​။

"ကျွ​န်တော်တို့သွား​တော့ လမ်းရဲ့အ​ရှေ့ဘက်​မှာ ​ချောက်​ကမ်းပါး ၁၅​ပေ​ကျော်​​လောက်​ အမြင့်​ရှိမယ်​။ ယာဉ်​​မောင်း​ပြောပြတာက အဲဒိအ​ကွေ့ကို အရှိန်​နဲ့တက်​လာရင်းနဲ့မှ သူ့မျက်​စိ၊ မျက်​လုံးထဲကို ပိုးစိမ်း​ကောင်​ဝင်​လို့ ရုတ်​တရက်​ ဘယ်​ဘက်​ကို ဆွဲသွားမိလို့ ချောက်​ထဲပြုတ်​ကျသွားတာ ပြောတယ်။ အောက်​ကျပြီး​တော့ မီး​လောင်​တာ​၊​ မီးဟပ်သွားတဲ့သူတစ်​​ယောက်​က​တော့ မောင်းတဲ့သူ​ဘေးက​နေ ဆီပုံးကိုင်​ပြီး လိုက်​လာတာ​ပြောတယ်​။ ခန္ဓာကိုယ်​​ပေါ် ဖိတ်​စင်​ပြီး​​အောင်​ကျတဲ့အချိန်​ အင်​ဂျင်​က​နေ စလောင်​တာပါ။ လူတစ်​ဦး မီးလောင်​ဒဏ်ရာရသွားတယ်"ဟု အခင်းဖြစ်​စဉ်​ကို သွား​ရောက်​စစ်​​ဆေးခဲ့သည့်​ ဒုရဲအုပ်​ စိုးလှိုင်​ဖြိုးက ​ပြောသည်။


၎င်းသုံးဘီးဆိုင်​ကယ်​​ပေါ်တွင်​ မီး​သွေးအိတ်​၊ ထင်းများသယ်​​ဆောင်​လာပြီး၊​ အေးသာယာ​ကျေးရွာအဝင်​ ၁၅မိုင်​ ပိ​တောက်​စိုက်​ခင်းအ​ကွေ့​ ချောက်ကမ်းပါး​အောက်​သို့ကျပြီး ဆိုင်​ကယ်​​ရှေ့ပိုင်းမီး​လောင်​ကျွမ်းကာ ပျက်​စီးခဲ့​ကြောင်း သိရသည်​။

သုံးဘီးဆိုင်​ကယ်​​ပေါ်ပါလူနှစ်​ဦးတွင်​ ယာဉ်​​မောင်း ခါးနာကျင်​ဒဏ်​ရာ၊ မျက်​စိ​အောင့်​ဒဏ်​ရာရရှိပြီး၊​ဘေးတွင်​လိုက်​ပါလာသူမှာ မျက်​နှာ၊ လည်​ပင်း၊ ဦး​ခေါင်းဘယ်​ဘက်​ခြမ်း၊ ရင်​ဘတ်​ညာဘက်​၊လက်​နှစ်​ဖက်​၊ ခါး​အောက်​ပိုင်း၊​ခြေ​ထောက်​များ မီး​လောင်​ခဲ့ပြီး အတွင်းလူနာအဖြစ်​ က​လေးမြို့ ပြည်​သူ့​ဆေးရုံကြီး၌​ဆေးကု​သနေ​ကြောင်းသိရသည်​။

လီဖန်းသုံးဘီးဆိုင်​ကယ်​မှာက​လေးဝမြို့ ဘက်​မှက​လေးမြို့ ဘက်​သို့ ​မောင်းနှင်​လာစဉ်​ ​ချောက်​ကမ်းပါးဘက်​သို့ကျ​ရောက်​တိမ်း​မှောက်​၊မီး​လောင်​ကျွမ်းခဲ့​ကြောင်း သိရသည်​။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်​​မောင်းအားဥပ​ဒေအရအ​ရေးယူ​ပေးရန်​တိုင်​တန်းအမှုဖွင့်​ထား​ကြောင်း က​လေးမြို့မရဲစခန်းမှ သိရသည်​။

စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
သုံးဘီးဆိုင်ကယ်တစ်စီး ချောက်ထဲကျ သုံးဘီးနှင့်အတူ လူတစ်ဦးပါ မီးလောင်  သုံးဘီးဆိုင်ကယ်တစ်စီး ချောက်ထဲကျ သုံးဘီးနှင့်အတူ လူတစ်ဦးပါ မီးလောင် Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.