အလောင်းတော်ကဿပဘုရားဖူး စူပါကာစတန်ခရီးသည်ယာဉ် တစ်စီး တိမ်းမှောက် တစ်ဦးသေးဆုံး


ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ကွင်းစပ်ကျေးရွာ အရှေ့ဘက် မိုင်တိုင်အမှတ် (၈)မိုင်နှင့်(၉)မိုင်အကြား တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ ညနေ ၄ နာရီခွဲက မုံရွာဘက်မှ အလောင်းတော် ကဿပဘုရားသို့ ဘုရားဖူးခရီးသည် (၇)ဦး တင်ဆောင်ကာ ယာဉ်မောင်း နိုင်မျိုးလင်း(၃၃)နှစ်၊ (ဘ) ဦးလှဆောင် ရုံးကြီးရပ်ကွက် မုံရွာမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် MDY 9H/---- စူပါကာစတန် ခဲရောင်ယာဉ်တစ်စီး ဝဲဘက်ရှေ့ဘီးပေါက်၍ လမ်းယာဘက်သို့ တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိမ်းမှောက်သည့် ဘုရားဖူးစူပါကာစတန်ယာဉ်ပေါ်တွင် ကျား (၄)ဦး၊ မ (၃)ဦး စုစုပေါင်း (၇)ဦး လိုက်ပါလာသည့်အနက်မှ မချိုမြသီ (၃၂)နှစ်၊ (ဘ) ဦးမြထူး (ရှေ့နေ) (၄)ရပ်ကွက်၊ ကသာမြို့နေသူသည် ယာဘက် မျက်လုံးပေါက်ပြဲ မေ့စေ့ပေါက်ပြဲပြီး သေဆုံးခဲ့ကာ ၎င်းနှင့်အတူ ပါလာ သည့် ဒေါ်တင်တင်လှ၊ ဦးမြင့်သိန်း၊ ဦးမြထူး၊ ဦးမျိုးမင်းလတ်တို့မှာ ပုခုံးနာကျင်၊ နဖူးပေါက်ပြဲ၊ ရင်ဘက်နာ၊ နံစောင်းနှင့် တင်ပါးနာကျင် (မစိုးရိမ်ရ) စသည့် ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ကပိုင်ရဲကင်း စခန်းမှူး ရဲအုပ်မျိုးသီရအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ရောက်ရှိပြီး အခင်းဖြစ် မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ တရားခံဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းများကို ပြုလုပ်ကာ မုံရွာပြည်သူ့ဆေးရုံသို့ ဒဏ်ရာရရှိသူများကို ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိပြီး ကျန် (ကျား)တစ်ဦးနှင့် (မ) တစ်ဦးတို့မှာ ဒဏ်ရာ မရရှိကြောင်း သိရသည်။

တိမ်းမှောက်သည့်ယာဉ်နှင့် ယာဉ်မဆင်မခြင် မောင်းနှင်သော တရားခံယာဉ်မောင်း နိုင်မျိုးလင်းအား ကပိုင်ရဲကင်းစခန်းမှူးက ဖမ်းဆီးကာ ယင်းမာပင်မြို့မရဲစခန်းသို့ ပို့ဆောင်ထားရှိပြီး ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အလောင်းတော်ကဿပဘုရားဖူး စူပါကာစတန်ခရီးသည်ယာဉ် တစ်စီး တိမ်းမှောက် တစ်ဦးသေးဆုံး အလောင်းတော်ကဿပဘုရားဖူး စူပါကာစတန်ခရီးသည်ယာဉ် တစ်စီး တိမ်းမှောက် တစ်ဦးသေးဆုံး Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.