မတ္တရာမြို့နယ်တွင် အရှိန်မထိန်းနိုင်သောယာဉ် တံတားပေါင်နှင့် သစ်ပင်ကိုဝင်တိုက် တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ


မတ္တရာ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်ခရိုင်မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီ (၂၃)ရက်နေ့  မွန်းလွဲ ၂ နာရီက ယာဉ်တိမ်း မှောက်မှုဖြစ်ပွားသဖြင့် ဒုရဲအုပ် ဒေါင်ဇယ်နှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးသန်းဝင်း မောင်းနှင်လာသော ယာဉ်အမှတ်1B/---(FUSO)အမျိုး အစား ရတနာပုံကားအသင်းမှ ယာဉ်သည် မန္တလေး-မိုးကုတ် ကားလမ်း ကံဖြူကျေးရွာအနီး မိုင်တိုင်အမှတ် ၁၉/၄ နှင့် ၁၉/၅ အကြားတွင် လမ်း၏ယာဘက်ရှိ လက္ကောင်းတူးမြောင်းအုတ်တံတား ပေါင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင် တိုက်ပြီး တံတားအနီးရှိ သစ်ပင် အား ဆက်လက်တိုက်မိကာ တိမ်း မှောက်သွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့်မန္တလေးမြို့အောင်မြေသာဇံ မြို့နယ်နေသူ ယာဉ်နောက်လိုက် ရဲရင့်အောင်(၂၃နှစ်)မှာကားအတွင်း ၌ ခန္ဓာကိုယ်အားပိမိ၍ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ကာအခြား ယာဉ်နောက်လိုက်ဖြစ်သည့်မန္တလေး မြို့ ချမ်းမြသာစည်မြို့နယ်နေသူ ဦးထွန်းအောင်မှာ ခါးနာကျင်ဒဏ် ရာ တစ်ချက်(မစိုးရိမ်ရ)၊ သပိတ် ကျင်းမြို့နယ် (၇)မိုင်နေ ခရီးသည် ဦးအောင်ဖြိုးမှာ ယာခြေထောက် ပွန်းပဲ့ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)၊ ယာဉ်မောင်း ဦးသန်းဝင်းမှာ ခါးနာ ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်း နောက်စေ့ဖူးရောင်ဒဏ်ရာ တစ် ချက်(စိုးရိမ်ရ)များ ရရှိခဲ့သဖြင့် မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် အား မဆင်မခြင်မောင်းနှင်သူ ယာဉ် မောင်း ဦးသန်းဝင်းအား ဥပဒေ အရ အရေးယူပေးပါရန် ဒုရဲအုပ် ဒေါင်ဇယ်က တရားလိုပြုလုပ်တိုင် တန်းသဖြင့် မတ္တရာမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၉/၂ဝ၁၇၊ ရာဇသတ် ကြီးပုဒ်မ-၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
The Union Daily
https://www.facebook.com/uniondaily.net/
မတ္တရာမြို့နယ်တွင် အရှိန်မထိန်းနိုင်သောယာဉ် တံတားပေါင်နှင့် သစ်ပင်ကိုဝင်တိုက် တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ မတ္တရာမြို့နယ်တွင် အရှိန်မထိန်းနိုင်သောယာဉ် တံတားပေါင်နှင့် သစ်ပင်ကိုဝင်တိုက် တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.