![]() |
နယူးဇီလန်မှာ သောင်လာတင်နေတဲ့ ဝေလငါးတွေ။ (ဖေဖော်ဝါရီ ၁၀-၂၀၁၇) |
သောကြာနေ့မနက်ကျမှ တွေ့ကြချိန်မှာ Pilot အမျိုးအစား ဝေလငါး ၇၅% လောက် သေဆုံးနေကြပါပြီ။ ဝေလငါးအကြီးတွေ၊ သားပေါက်လေးတွေရဲ့ အလောင်းတွေကိုလည်းကိုက်ရာချီအဝေးမှာ တွေ့ခဲ့ကြပါတယ်။
အသက်ရှင်နေသေးတဲ့ ဝေလငါး ၁၄၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ ဒေသခံတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေပါတဲ့ လုပ်အားပေး ရာနဲ့ချီက သောကြာနေ့က ဝိုင်းဝန်းကြိုးစားခဲ့ကြတာပါ။
New Zealand ကမ်းခြေပေါ် ဝေလငါးအမြောက်အများ သောင်တင်တာ အခုတခါ အရေအတွက် အများဆုံးဖြစ်တယ်လို့ Auckland တက္ကသိုလ်က အဏ္ဏဝါ ဇီဝဗေဒပညာရှင်တွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဝေလငါး ၄၀၀ ကျော် နယူးဇီလန်မှာသောင်တင်
Reviewed by THITHTOOLWIN
on
08:49
Rating:
