မောင်တောမြို့နယ်၌ လူ ၃ ဦးမှ ခမီးလူမျိုး ၂ ဦးအား ဓား၊ ပုဆိန်တို့ဖြင့် ခုတ်မှုဖြစ်ပွား


၂၀၁၇ ဖေဖော်ဝါရီ ၂၆

ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ ခန့်က မောင်တောမြို့နယ် သရေ ကုန်ဘောင် (နတလ)ကျေးရွာအနီးတောစပ်၌ ခမီးလူမျိုး ၂ ဦးအား အမည်မသိ လူ ၃ ဦးက ပုဆိန်၊ ဓားများဖြင့် လာရောက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ခမီးလူမျိုး ၂ ဦးသည် ဟင်းစားရှာရန် မောင်တောမြို့နယ် သရေကုန်ဘောင် (နတလ)ကျေးရွာအနီးတောစပ်ရောက်ရှိပြီး ထမင်းစားရန်ပြု လုပ်နေစဉ် အမည်မသိ (စိစစ်ဆဲ) လူ ၃ ဦးက ပုဆိန်၊ ဓားများဖြင့် လာရောက် ခုတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ခမီးလူမျိုး အောင်ကျော်စိန်(၄၆)နှစ်၏ ယာကျော တွင် ပြတ်ရှဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ခမီးလူမျိုး ထွန်းသာမောင် (၂၈)မှာ ပြန်လည်ရောက်ရှိ လာခြင်းမရှိသဖြင့် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း အဖွဲ့များ က လိုက်လံ ရှာဖွေလျက်ရှိသည်။

အဆိုပါ ပုဆိန် ဓားတို့ဖြင့် တိုက်ခိုက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee added 3 new photos.
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောမြို့နယ်၌ လူ ၃ ဦးမှ ခမီးလူမျိုး ၂ ဦးအား ဓား၊ ပုဆိန်တို့ဖြင့် ခုတ်မှုဖြစ်ပွား မောင်တောမြို့နယ်၌ လူ ၃ ဦးမှ ခမီးလူမျိုး ၂ ဦးအား ဓား၊ ပုဆိန်တို့ဖြင့် ခုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.