ရပ်စောက်တွင် ရဲတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင် သူ တစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှု ဖွင့်အရေးယူ


(ရပ်စောက်၊ ဖေဖော်ဝါရီ ၁၅)

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် တာဝန်ထမ်း ဆောင်နေသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာကျဆင်းစေပြီး အသရေ ပျက်စီးစေသည့် အရေးအသားများဖြင့် လူမှုကွန်ရက်ပေါ်တွင် မကြာခဏရေးသားဖေါ်ပြနေခြင်း၊ ရပ်စောက် မြို့နယ်ရဲတပ်ဖွဲ့အမည်ဖြင့် ဖွင့်လှစ်ထားသည့် Face book Page အားနှောင့်ယှက်ခြင်းနှင့် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ဝေဖန်ရေးသားနေသူတစ်ဦးကို သက်ဆိုင်ရာမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အရ ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် မင်းလမ်းနေ ခွန်ကျော်မင်းဦး(ခေါ်) ဖိုးကောင်းသည် ၄င်းနေ့ စဉ် သုံးစွဲနေသည့် Khun Kyaw Min Oo Face book အကောင့်ဖြင့် ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလ ၈ရက်နေ့ ညနေ(၅)နာရီ(၈)မိနစ်တွင်တစ်ကြိမ်၊ နေ့လည် (၁)နာရီနှင့်(၄၂)မိနစ်တွင်တစ်ကြိမ်၊ ည(၁၀)နာရီ(၄၁)မိနစ် တွင်တစ်ကြိမ် အစရှိသဖြင့် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေပြီး အသရေပျက်စီးစေသည့် အရေးအသားများနှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ် တွင် ဝေဖန်ရေးသားနေခြင်းတို့အတွက် Khun Kyaw Min Oo အကောင့်ပိုင်ရှင်ကို စောင့်ကြည့် စုံစမ်းမှုများ ဆောင်ရွက်နေစဉ်အတွင်း ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ နေ့လည် ၁နာရီ ၃၀မိနစ် အချိန်က အဆိုပါ ခွန်ကျော်မင်းဦး(ခေါ်) ဖိုးကောင်းမှ ရပ်စောက်မြို့မရဲစခန်းအတွင်း လောင်းကစားတရားခံများအဖြစ် ချုပ် နှောင်ခံထားရသည့် ၄င်း၏သူငယ်ချင်းများထံ လာရောက်တွေ့ဆုံစဉ် သက်သေများရှေ့မှောက်၌ ခေါ်ယူစစ် ဆေးရှာဖွေရာမှ ၄င်းလွယ်ထားသည့် လွယ်အိတ်အတွင်းထည့်ထားသည့် Huawei Honor ဖုန်းအား သက်သေများရှေ့စစ်ဆေးရာ ဖုန်း၏ Face Book ဆော့ဝဲအတွင်း Khun Kyaw Min Oo Face Book အကောင့်ဖြင့် ရပ်စောက်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း ပြုလုပ်ထားသည့် Post များအား တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှူးမှ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ ကြောင်း သိရသည်။

ထိုသို့ရှာဖွေသိမ်းဆည်းရမိပြီးနောက် ရပ်စောက်မြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်စောက်မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အသရေ ပျက်စီးစေရန် Khun Kyaw Min Oo Face Book အကောင့်ဖြင့် လူမှုကွန်ရက်ပေါ်သို့ သုံးစွဲရေးသားလွှင့် တင်ခဲ့သည့် ခွန်ကျော်မင်းဦး(ခေါ်) ဖိုးကောင်းအား သက်ဆိုင်ရာမှ ရပ်စောက်မြို့မရဲစခန်း၏(ပ)၂၂/၂၀၁၇ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
ရပ်စောက်တွင် ရဲတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင် သူ တစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှု ဖွင့်အရေးယူ  ရပ်စောက်တွင် ရဲတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင် သူ တစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှု ဖွင့်အရေးယူ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.