ရခိုင်မြောက်ပိုင်း မွတ်ဆလင်အချို့ကို အမေရိကန် ၊ ကနေဒါသို့ ပြောင်းရွှေ့ အခြေချနေထိုင်ရန် ကုလ တိုက်တွန်းမည်


ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီမှ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဒုက္ခသည် အချို့ကို အမေရိကန် ၊ ကနေဒါအပါဝင် ဥရောပနိုင်ငံအချို့မှ လက်ခံပေးရန် ဆွေးနွေးတိုက်တွန်း သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂမှ အရာရှိတစ်ဦးက ပြောသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

အနည်းဆုံး မွတ်ဆလင် ဒုက္ခသည် ၁၀၀၀ ခန့်အား ပြောင်းရွှေ့အခြေချ ခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ် ဘက်မှလည်း သဘောတူထားပြီး ၁၉၉၀ ခုနစ်မှ စကာ ဘင်္ဂလားဒေ့ရှ်တွင် လာရောက်ခိုလှုံသူ ဒုက္ခသည် စုစုပေါင်း ၁ သိန်းနီးပါး ရှိသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားကာ ၆ သောင်းကျော်မှာ လတ်တလော ဖြစ်ပွားခဲ့သည့် မောင်တော တိုက်ခိုက်မှု ကာလအတောအတွင်း ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် အကူညီများလိုအပ်နေသည့် ဒုက္ခသည်များအတွက် ကူညီပေးရန်နှင့် ဒုက္ခသည်များကို လက်ခံရန် ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံများကို တိုက်တွန်းလိမ့်မည်ဟု UNHCR ၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရှင်ဂျီကူဘိုက ပြောသည်ဟု ရိုက်တာ သတင်းက ဖော်ပြထားသည်။

The Ladies News
https://www.facebook.com/News.TheLadies
ရခိုင်မြောက်ပိုင်း မွတ်ဆလင်အချို့ကို အမေရိကန် ၊ ကနေဒါသို့ ပြောင်းရွှေ့ အခြေချနေထိုင်ရန် ကုလ တိုက်တွန်းမည် ရခိုင်မြောက်ပိုင်း မွတ်ဆလင်အချို့ကို အမေရိကန် ၊ ကနေဒါသို့ ပြောင်းရွှေ့ အခြေချနေထိုင်ရန် ကုလ တိုက်တွန်းမည် Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.