ကက်ရှ်မီးယားဒေသ ၌ ပစ်ခတ်မှုဖြစ်ပွားရာ အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦး နှင့် စစ်သွေးကြွ ၄ ဦးသေဆုံး


ဆရီနဂါ ၊ ၁၃-၂-၂၀၁၇

အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် တပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများ အကြား ပစ်ခတ်မှု ဖြစ်ပွားရာ အိန္ဒိယတပ်ဖွဲ့ဝင် နှစ်ဦးနှင့် စစ်သွေးကြွ လေးဦး သေ ဆုံးကြောင်း စစ်ဘက်မှ တာဝန်ရှိသူ များက ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် အိန္ဒိယ လက်အောက်ခံ ကက်ရှ်မီးယားဒေသ မြို့တော် ဆရီနဂါ၏ တောင်ဘက် ၅၅ ကီလိုမီတာ အကွာရှိ ကူလ်ဂမ်ဒေသ ဖရီဆယ်ကျေးရွာ၌ ဖြစ်ပွားခြင်း ဖြစ်သည်။

အိန္ဒိယစစ်ဘက်သည် အဆိုပါကျေးရွာ၌ စစ်သွေးကြွများ ခိုအောင်းနေသည် ဟူသော သတင်းများအရ ဖေဖော်ဝါရီ ၁၂ ရက်တွင် ယင်းကျေးရွာကို ဝန်းရံပိတ်ဆို့၍ ရှာဖွေမှုများ လုပ်ဆောင်စဉ် ပစ်ခတ်မှုများ ဖြစ်ပွားရာ တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် စစ်သွေးကြွ များဘက်မှ စတင်ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းပစ်ခတ်မှု အတွင်း ဒဏ်ရာရရှိသူ ငါးဦးအနက် နှစ်ဦးသည် ဒဏ်ရာပြင်းထန် မှုကြောင့် သေဆုံးသွားပြီး ကျန်သုံးဦးကို စစ်လေယာဉ်ဖြင့် ဆရီနဂါဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။

Pyi Chit Thar
http://www.pyichitthar.com
ကက်ရှ်မီးယားဒေသ ၌ ပစ်ခတ်မှုဖြစ်ပွားရာ အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦး နှင့် စစ်သွေးကြွ ၄ ဦးသေဆုံး   ကက်ရှ်မီးယားဒေသ ၌ ပစ်ခတ်မှုဖြစ်ပွားရာ အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦး နှင့် စစ်သွေးကြွ ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 13:14 Rating: 5
Powered by Blogger.