မြိတ် ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ် ခိုကျွန်းအနီး၌ ကော့သောင်းမြို့မှ မှိုင်းသွေးကျေးရွာသို့ မှောင်းနှင်လာသော မြင့်မြတ်အောင် ၁၈ ငါးကဲ့လှေအား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၂း၃၀ အချိန်၌ ကော့သောင်းမြို့မှ မြိတ်မြို့သို့ မှောင်းနှင်လာသော အောင်သူဇော် ၂၃ နှင့်တိုက်မိရာ မြင့်မြတ်အောင်လှေမှာ ပင်လယ် အတွင်း နစ်မြုပ်သွားပြီး ၎င်းလှေပေါ် လိုက်ပါ လာသူ အသက် ၄၂ အရွယ် ရေကန်အော်ရွာသူ မဖဲ (ခေါ်) မသန်းမြင့်မှာ လှေနှင့်အတူ နစ်မြုပ် သေဆုံး ခဲ့ကြောင်း သိရပြီး ယင်းသေဆုံးမှု အတွက် တစ်ဖက် လှေပိုင်ရှင်များ ဖက်မှ တစ်စုံတစ်ရာ လာရောက် မေးမြန်းခြင်း တွေ့ဆုံ ညှိနှိုင်းခြင်း မရှိသည့်အပေါ် ယင်းမိသားစုမှ မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
လှေနှင့်အတူ နစ်မြုပ်သေဆုံးခဲ့သူ မဖဲ၌ ကျောင်းနေ အရွယ် သားသမီး ၃ ဦး ကျန်ရစ်ပြီး ယင်းအမှုကို ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေး နေကြောင်း ၎င်းမိသားစုဝင် များထံမှ သိရသည်။
အမှန်တရား အတိုင်း ဖြစ်စေချင်တယ်။ တစ်ဖက်က ဓန အင်အားကြီး ဖြစ်နေတော့ ဆင်းရဲသား ဘဝမြေနိမ့်ရာ လှံစိုက်မှာကို စိုးရိမ်မိတယ်။ တာဝန် ရှိသူတွေ အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ပေးကြပါလို့တောင်းဆို ပါတယ်။ ဟု နစ်မြုပ်ခံရသော လှေမှ ပဲ့နင်း (လှေဦးစီး) ဖြစ်သူ ကိုကျော်စိုးက ပြောသည်။
ပင်လယ်ပြင်၌ နစ်မြုပ်သွားသော လှေမှာ မှိုင်းသွေးရွာမှ ဂွေးမဲခေါ် ဦးအောင်စိုး ပိုင်ဆိုင်သောလှေ ဖြစ်ကြောင်း သိရသည်။
နှင်းမောင်မောင်
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/
လှေအတိုက်ခံရပြီး နစ်မြုပ်၊ လူသေဆုံးမှုအား တရားမျှတ မှန်ကန်စွာ ဆောင်ရွက်ပေးစေလို
Reviewed by THITHTOOLWIN
on
20:10
Rating:
