11.2.2017
မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊"ဆလင်ရွာ"တွင် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့၊ည(၆)နာရီခန့်
က ဓါးခုတ်မှု ဖြစ်ပွားကြောင်း သိရသည်။
လင်မယားချင်း စကားများရာမှ လင်ဖြစ်သူ"ဝင်းမောင်"မှ မယားဖြစ်သူ"ဒေါ်သီသီဆွေ"အား ဓါးဖြင့်ခုတ်ခဲ့ကြောင်း ဒေါ်သီသီဆွေ၏ညီမဖြစ်သူ"မသူဇာနွယ်"မှပြောသည်။
အဆိုပါဓါးခုတ်မှုကြောင့် ဒဏ်ရာရရှိသည့် မသီသီဆွေအား ချမ်းမြေ့ကျန်းမာရေးအထောက်ကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ သယ်ယူလာစဉ် မသီသီဆွေမှာ ရရှိဒဏ်ရာဖြင့် လမ်းခုလတ်တွင် သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။
Myat Htut (Myeik)
လင်မယားချင် စကားများရာမှ ဓါးခုတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:25
Rating:
