ကျောက်ဖြူ နာရီစင်အနီး မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ ညဥ့် နံနက် အစောကြီး ၂ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးလောင်သွားခဲ့သည်ဟု ကျောက်ဖြူမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ လောင်တာက ကျောက်ဖြူ နာရီစင်အနီး အလယ်တန်းရပ်ကွက်မှာ လောင်တာ ဖြစ်ပါတယ်။ ညဥ့် ၂ နာရီမှာ ၀ါယာလျှော့ဖြစ်ပြီး လောင်တာပါ။ စုစုပေါင်း အိမ်နှစ်လုံးပါသွားပါတယ်။ တန်ဖိုးကတော့ ခန့်မှန်း ၁၅ သိန်းဖိုးရှိပါတယ်” ဟု ၎င်းရဲတာဝန်ရှိသူက ပြောသည်။


မီးသည် ဦးစောရန်နိုင်(ဘ) ဦးမောင်စောအိမ်မှ စလောင်ခြင်း ဖြစ်ပြီး ဦးသန်းရွှေမောင် အိမ်သို့ပါ ကူးစက် လောင်ကျွမ်းသွားခဲ့ကြောင်း၊ ညဥ့် ၂ နာရီ ၃၀ မိနစ်တွင် မီးညွှန့်ကျိုးသွားကြောင်း၊ လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။

( ဓာတ်ပုံ- နိရဉ္စရာ/စံမျိုးအောင်)
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူ နာရီစင်အနီး မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး  ကျောက်ဖြူ နာရီစင်အနီး မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.