မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ ရှေးဟောင်းသမိုင်းဝင်ကြေးရုပ်ကြီးများအား မှန်လုံအ ဆောက်အဦးများဖြင့် ကာရံထားရှိမည်


မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နှစ်ပေါင်းထောင်ချီနေသည့် ရှေးဟောင်းသမိုင်းဝင်ကြေးရုပ်တုကြီးများအား ပျက်စီးယိုယွင်းမှုမရှိစေရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း၌ အကာအရံများဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။
"ဒီကြေးရုပ်ကြီးတွေက အခုဆိုရင် နှစ်ပေါင်းထောင်ချီထိရှိနေပါပြီ။ ကမ္ဘောဒီးယားက အန်ကောဝပ်ကျောင်းကနေ ထိုင်းကစစ်နိုင်လို့ ယိုးဒယားကိုသယ်လာခဲ့တယ်။ ယိုးဒယားကိုလည်း မွန်နဲ့ဗမာတို့ကဝိုင်းတိုက်ပြီး အဲ့ဒီမှာပဲ ဒီကြေးရုပ်ကြီးတွေကို ရခိုင်ပြည်နယ် ကျောက်တောင်က မဟာမုနိဘုရားမှာ ထားခဲ့တယ်။ကောဇာသက္ကရာဇ် ၉၆၀ခုနှစ် အင်းဝခေတ်မှာ တော့ မြန်မာဘုရင်က ပြန်လည်ရယူပြီး မန္တလေးမဟာမုနိဘုရားဝင်းထဲမှာ ထားခဲ့တာပါ။“ဟု မန္တလေးမဟာမုနိ ရုပ်ရှင်တော် မြတ် ဂေါပက အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။


 ရောဂါဝေဒနာခံစားရသူများသည် ကြေးရုပ်ကြီးများ၏ အစိတ်အပိုင်းများကို ကိုင်တွယ်ပွက်တိုက်ကာ ဆုတောင်းပါက ရောဂါပျောက်ကင်းသည်ဟုရှေးအစဉ်အလာအရ ယုံကြည်မှုဖြင့် ဆုတောင်းမှုများ ပြုခဲ့ကြသည့်အတွက် ကာလကြာမြင်လာသည့်အခါ အဆိုပါကြေးရုပ်ကြီးများမှာ ပါးလွှာပေါက်ပြဲပျက်စီးမှုများဖြစ်လာခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် စတင်၍ ကြေးရုပ်များကို တိုက်ရိုက်ကိုင်တွယ်မှု မပြုလုပ်စေရန် မှန်တစ်ဝက်ကာရံ သွားမည်ဖြစ်ပြီး အနီးကပ်ကိုင်တွယ်ခွင့်မပြုခြင်းနှင့် နောက်ပိုင်းတွင် ကြည့်ရှုခွင့်သာပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာသုတေသီများ၏ သမိုင်းမှတ်တမ်းများအရ ၎င်းကြေးရုပ်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ
ရှိ အန်ကောဝပ် ကျောင်းတော်မှ သယ်ဆောင်ခဲ့သည့်အတွက် ကြေးရုပ်တုကြီးများ၏ သက်တမ်းအနေဖြင့် နှစ်ပေါင်း ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ ရှေးဟောင်းသမိုင်းဝင်ကြေးရုပ်ကြီးများအား မှန်လုံအ ဆောက်အဦးများဖြင့် ကာရံထားရှိမည် မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ ရှေးဟောင်းသမိုင်းဝင်ကြေးရုပ်ကြီးများအား မှန်လုံအ ဆောက်အဦးများဖြင့် ကာရံထားရှိမည် Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.