ကလေးဝ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် မန်ဖာကျေးရွာအုပ်စု မန်ဖာလေးကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း၌ မုံရွာမှ ဟုမ္မလင်းသို့ မောင်းနှင် လာသည့် ဟိန်းမင်းအဆန်ကုန်တင် ရေယာဉ်နှင့် ဟုမ္မလင်းမှ မုံရွာသို့  မောင်း နှင်လာသည့် ပြည်တော်အေးအစုန် ကုန်တင်ရေယာဉ်တို့  ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီ မိနစ် ၂ဝ က ရေယာဉ် တိုက်မှုဖြစ်ပွားသည်။
ဟိန်းမင်းအဆန်ကုန်တင်ရေယာဉ် တွင် ရေယာဉ်ပဲ့နင်း ဦးကျော်ဆွေနှင့် ပိုင်ရှင်ဦးကျော်မြင့်တို့အပါအဝင် အမျိုး သားငါးဦးလိုက်ပါကာ ဒီဇယ်ပေပါအလုံး ၂ဝဝ၊ ဆန်အိတ် ၁ဝဝ၊ ကုန်မျိုးစုံ ၁ဝဝ တင်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်တော်အေး အစုန်ကုန်တင် ရေယာဉ်တွင် ရေယာဉ်ပဲ့နင်း ဦးအောင် ကိုထက်နှင့် ပိုင်ရှင် ဒေါ်ချိုမာတို့အပါ အဝင် အမျိုးသားငါးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်းကိုးဦး လိုက်ပါလာကာ ဖွဲအိတ် ၁၁၄ အိတ်၊ ဆန်အိတ် ၂ဝ၊ ရေနံချေး ၁၅ ပုံး တင်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေယာဉ်တိုက်မှုတွင် ထိခိုက်သေဆုံးသူ မရှိကြောင်းနှင့် အခင်းဖြစ်ပွားသည့်နေရာသို့ ကလေးဝ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဂျူနိုင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
11:12
Rating:
