ဟုမ္မလင်းမြို့ ပင်ဖာဖာကျေးရွာအနီးမှ ဖမ်းဆီးရမိသည့် ရှားပါးမျိုးစေ့ အင်းကျားပေါက် တစ်ကောင် ရတနာပုံ တိရစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိ


ဟုမ္မလင်းမြို့ ပင်ဖာဖာကျေးရွာအနီးမှ ဖမ်းဆီးရမိသည့် ၇ လသားအရွယ်ခန့် ရှားပါးမျိုးစေ့ အင်းကျားပေါက် တစ်ကောင် မန္တလေးမြို့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ ဖေဖော်ဝါရီ(၁၀)ရက် ညနေ (၆း၃၀) နာရီက ရောက်ရှိလာပြီး ဖေဖော်ဝါရီ (၁၁)ရက်ညနေပိုင်းတွင် ဆေးကုသပေးရန်းစီစဉ်နေကြောင်း မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေထံမှ သိရှိရသည်။

အဆိုပါ အင်းကျားပေါက်မှာ ဖေဖော်ဝါရီ(၈) ရက်နေ့တွင် ဟုမ္မလင်းမြို့ ပင်ဖာဖာကျေးရွာအနီးဒေသခံများမှ ဖမ်းဆီးရမိပြီး ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာနမှ တစ်ဆင့် မုံရွာသို့ လွှဲပြောင်းပေးကာ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ တစ်ဆင့် မန္တလေးမြို့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“ဆရာဝန်တွေကတော့ ၇ လသားခန့်ရှိတယ်လို့ ခန်းမှန်းထားတယ် အထီးအမဆိုတာတော့ ပြောလို့မရသေးဘူး။ လက်ကောက်ဝတ်ခေါက်တဲ့ ဒဏ်ရာနဲ့ နဖူးမှာ တစ်လက်မလောက် ပြဲနေတဲ့ ဒဏ်ရာပါလာတယ်။ ဆေးကုပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ အစားလည်စားတယ် ကြက်သားတို့ အမဲသားတို့ ပြုတ်ပြီးကျွေးပါတယ်။”ဟု မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေထံပြောသည်။


ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် လက်ရှိ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၀၁ မျိုးရှိပြီး အကောင်ရေပေါင်း ၁၀၉၄ ကောင် ရှိကာ ကျား ၉ ကောင်း ခြင်္သေ ၂ ကောင်ရှိပြီး အင်းကျား အမတစ်ကောင်မှာ ယခင်ကတည်ကရှိပြီး ယခု ရောက်ရှိလာသည့် အင်းကျားပေါက်ကို အင်းကျားအမဖြင့် အခန်းကပ်ရပ်တွင်ထား စီစဉ်ထားကြောင်း သိရသည်။

အင်းကျားသည် ရှားပါးမျိုးစိတ်တွင် ပါဝင်ပြီး နို့တိုက်သတ္တ၀ါဖြစ်ကာ အပူပိုင်းဒေသ တောနက်ကြီးများ၊ သစ် တောများနှင့် စိမ့်စမ်းမြိုင်တောများတွင် နေထိုင်ကျက်စားလေ့ရှိကာ ထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက် အနေဖြင့် ပြုန်းတီးမှု အန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိနေသည့် သတ္တ၀ါဖြစ်ကြောင်း သိရသည်။

အင်းကျားဟုခွဲခြားနိုင်သည်မှာ ပြင်ပသွင်ပြင်လက္ခဏာများ အရေပြားအရောင်နှင့် အကွက်များကြောင့် အလွယ်တကူ ခွဲခြားနိုင်ပြီး အမွှေးမှာ မွဲပြာရောင် (သို့) ၀ါညို ဖြစ်နေတက်ပြီး ခပ်ညိုညို စတုရန်းပုံရှိကာ အကွက်ကြီးများမှာ အနက် အနားသတ်ရှိသဖြင့် ခန္ဓာကိုယ်တစ်ဘက်တစ်ချက်တွင် သိသာပေါ်လွင်ကြောင်း ခြေထောက် အပြားကြီးခြင်း အမြီးရှည်၍ အနက်ရောင် အ၀ိုင်းဝိုင်းများရှိခြင်း ခန္ဓာကိုယ် တုတ်ခိုင်ပြီး ကျားသစ်အရွယ်စား ထက်ငယ်သောကြောင့် ခွဲခြားသိနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဟုမ္မလင်းမြို့ ပင်ဖာဖာကျေးရွာအနီးမှ ဖမ်းဆီးရမိသည့် ရှားပါးမျိုးစေ့ အင်းကျားပေါက် တစ်ကောင် ရတနာပုံ တိရစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိ  ဟုမ္မလင်းမြို့  ပင်ဖာဖာကျေးရွာအနီးမှ ဖမ်းဆီးရမိသည့် ရှားပါးမျိုးစေ့ အင်းကျားပေါက် တစ်ကောင် ရတနာပုံ တိရစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.