တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးကျောင်းသား ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံရ

( မကွေးဆေးတက္ကသိုလ်ရှေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တကိုယ်တော်ဆန္ဒပြနေတဲ့ ဆေးတက္ကသိုလ်ကျောင်းသား ကိုဥာဏ်မျိုးအောင်ကို တွေ့ရစဉ် )Photo: Nay Aung/ Facebook
ပြည်တွင်းစစ် ရပ်တန့်ရေးအတွက် မကွေးဆေးတက္ကသိုလ်ရှေ့မှာ တကိုယ်တော်ဆန္ဒပြတဲ့ မကွေး ဆေးတက္ကသိုလ်ကျောင်းသား ကိုဥာဏ်မျိုးအောင် ကို တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ မကွေးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ကိုဥာဏ်မျိုးအောင်ဟာ လက်ရှိ မကွေးမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ငြိစွန်းတဲ့အတွက် အရေးယူထားတာဖြစ်ကြောင်း မကွေးမြို့နယ် ရဲစခန်းမှူး ဦးစိန်အောင် က ပြောပါတယ်။

နောက်ဆုံးနှစ် အပိုင်း (ခ) ဆေးကျောင်းသား ကိုဥာဏ်မျိုးအောင် ဟာ ပြည်တွင်းစစ် ချက်ချင်းရပ်၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုတဲ့ စာတန်းပါ ပိုစတာကိုင်ဆောင်ပြီး ဆေးတက္ကသိုလ်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးကျောင်းသား ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံရ တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးကျောင်းသား ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 12:46 Rating: 5
Powered by Blogger.