ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာဖြစ်

အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့် ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko latt/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ကိစ္စဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့် က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ဦးခင်အောင်မြင့် က အဲဒီလို ပြောကြားတာဖြစ် ပါတယ်။

အဲဒီလို ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ စိစစ်ဖို့နဲ့ ဧည့်စာရင်းကိုလည်းလိုအပ်သလို စစ်ဆေးတာမျိုး ဆောင်ရွက်သင့်တယ်လို့လည်း ဦးခင်အောင်မြင့် က အကြံပြုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ လုံခြုံရေး အားနည်းတဲ့အကြောင်းနဲ့ နေရာတိုင်းမှာ လုံခြုံရေးတိုးမြှင့်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးခင်အောင်မြင့် က ထောက်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ရန်ကုန်မြို့မှာ သေနတ်တွေ ဘယ်လောက်များနေပြီလဲဆိုတာ စစ်ဆေးဖို့ လိုနေပြီလို့လည်း ဦးခင်အောင်မြင့် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာဖြစ် ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာဖြစ် Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.