မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေ

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ဆက်စပ်ပြီး လေ့လာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါတယ်။

မစ္စယန်ဟီးလီရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ ဒီနေ့ကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ၄ ရက်ကြာမြင့်မှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီကြေညာချက်အရ မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့တ်ဘဇားနဲ့အနီးတဝိုက်ကို သွားရောက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၅လအတွင်း မြန်မာနိင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာ သူတွေနဲ့တွေ့ဆုံသွားမယ်လို့လည်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တွေ့ဆုံမေးမြန်း ထားတာတွေနဲ့ ပတ်သက်ပြီး အစီရင်ခံ စာတစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီအစီရင်ခံစာအရ ထွက်ပြေးလာသူတွေထဲက လူပေါင်း ၂၀၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ပြောဆိုချက်တွေအရ အမျိုးသမီးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေ မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေ Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.