![]() |
( ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် ) Photo: RFA |
နှစ်ဘက် လှုပ်ရှားတပ်တွေချင်း အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဗိုလ်မှူး စိုင်းဆု က ပြောပါ တယ်။
"လှုပ်ရှားတပ် အချင်းချင်းသွားတိုးပြီးတော့ တိုက်ပွဲဖြစ်သွားတယ်ပြောတယ်၊ ကျနော်တို့ဖက်က အထိနာတာပိုများတယ်လို့ပြောလို့ရတယ်၊ ထိခိုက်သွားတာတော့မသိဘူး"
TNLA တပ်ဖွဲ့တွေနဲ့ SSPP တပ်ဖွဲ့တွေ အခုလို တိုက်ပွဲဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေကြချိန်မှာ အခုလို တိုင်းရင်းသား တပ်တွေအချင်းချင်း ပစ်ခတ်တာတွေမဖြစ်သင့်ကြောင်းလည်း ဗိုလ်မှူး စိုင်းဆု က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် ကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုပါတယ်။
"မဟုတ်ပါဘူး၊ သူတို့ပြောတဲ့နေရာက ကျနော်တို့ထောင်ထားတဲ့မိုင်း ၂ လုံးကွဲတယ်၊ ပစ်ခတ်မှုလေးနည်းနည်းရှိတယ်၊ ဒါပေမယ့်အဲမှာ SSPP တပ်မရှိဘူး၊ အဲ့ဒါ RCSS လို့ကျနော်သိတယ်၊ SSPP ကိုတော့တက်မလာနဲ့ တက်လာရင် ကျနော်တို့မိုင်းတွေထောင်တားတယ်၊ RCSS ကလူတွေတက်လာတော့ မိုင်းတွေကွဲတာလို့ ကျနော်သိတယ်"
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ ကတော့ RCSS တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ မဟုတ်ကြောင်း၊ SSPP/SSAနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်တယ်လို့သာ သတင်းရကြောင်း ပြောဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ အစိုးရတပ်မတော် အပါအ၀င်၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ ဒေသဖြစ်တယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားတပ်ချင်း ပစ်ခတ်
Reviewed by THITHTOOLWIN
on
12:00
Rating:
