မူခင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက် ၂၂ ခုကို အာဏာပိုင်အဖွဲ့အစည်းသို့ တယ်လီနောမှ ထုတ်ပေးခဲ့ရဟုဆို


တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီမှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း မူခင်းများနှင့် ပတ်သက်သည့် သတင်းအချက် အလက် ၂၂ ခုကို အာဏာပိုင်အဖွဲ့အစည်းထံသို့ ထုတ်ပေးခဲ့ရကြောင်း တယ်လီနော၏ CEO MR. LARS ERIK TELLMANN ကပြောကြားသည်။

“ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ပေးတဲ့ သတင်းအချက်လက်က တကယ်တမ်းပေးသင့်တဲ့ အချက်အလက်လားဆို တာကို ပြန်ပြီးစုံစမ်းစစ်ဆေးပါသေးတယ်။ အဲဒီမှာလည်း မေတ္တာရပ်ခံပြီးတောင်းဆိုတဲ့ အချက်တွေရှိသလိုပဲ complain လုပ်တဲ့အချက်တွေရှိပါတယ်။ ၂၀၁၇ ဇန်န၀ါရီမှာ တောင်းဆိုချက် ၅၁ ချက်ရှိတဲ့အထဲကနေပြီးတော့ ကျွန်တော် တို့ ၂၂ ချက်ကို ထုတ်ပေးခဲ့ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စ၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင်တော့ အချက်အလက်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ထုတ်ပေးတဲ့ အချက်အလက်တွေဟာ သမိုင်းကြောင်းအစဉ်အလာအရ ထုတ်ပေးလေ့ရှိတဲ့ အချက်အလက်ဖြစ်ပါတယ်။ လူတယောက်ကို ဖမ်းဆီးရမိဖို့ သူ့ရဲ့ ထွက်ချက်ကိုအခြေခံပြီးတော့ သတင်းအချက်အလက်တခုကို ယူတယ်ဆိုလို့ရှိရင် ထုတ်ပေးပါတယ်”ဟု ၄င်းကပြောသည်။

ထို့ပြင် “လူသတ်မှုတစ်ခု ဖြစ်တယ်။ လူသတ်မှုမဖြစ်ခင်မှာ ဒီလူဟာ နောက်ဆုံး ဖုန်းပြောဆိုထားတဲ့အချက်များရှိသလား။ ဘယ် အချိန်မှာ ဖြစ်တာလဲ။ တိုက်ရိုက်ပတ်သက်သလားဆိုတာကို တောင်းတာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

အစိုးရအနေဖြင့် တယ်လီနောထံ ယင်းသို့ သတင်းအချက်အလက်တောင်းခံနိုင်သည့် အခွင့်အရေးရှိနေကြောင်းကိုလည်း MR. LARS ERIK TELLMANN က ဆက်ပြောသည်။
“ဒါက ဆက်သွယ်ရေးဥပဒေနဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ဒီလုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လောက်ရှင်းရှင်းလေး လုပ်နိုင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ ဒါကြောင့်မို့ တောင်းတဲ့ဒီအချက်အလက်တွေတိုင်းကို လက်တွေ့ကျကျပေးနိုင်ဖို့ အရေးကြီးပါတယ်”ဟု ၄င်းကပြောသည်။

သို့ရာတွင် တယ်လီနော်အနေဖြင့် တဦးနှင့်တဦး ဖုန်းပြောဆိုရာတွင် ကြားဖြတ်နာထောင်ခြင်း၊ အသံဖမ်းယူခြင်းမျာ လုံးဝမပြုလုပ်ကြောင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများဘက်ကလည်း ယင်းသို့လုပ်ဆောင်ပေးရန် မတောင်းဆို ကြောင်း ၎င်းက ပြောသည်။

လင်းလင်းအောင်
Photo-Victor
News Watch
https://www.facebook.com/NewsWatchJournal/
မူခင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက် ၂၂ ခုကို အာဏာပိုင်အဖွဲ့အစည်းသို့ တယ်လီနောမှ ထုတ်ပေးခဲ့ရဟုဆို မူခင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက် ၂၂ ခုကို အာဏာပိုင်အဖွဲ့အစည်းသို့ တယ်လီနောမှ ထုတ်ပေးခဲ့ရဟုဆို Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.