ကန် သမ္မတ အမိန့်ကို တရားသူကြီး ပယ်ဖျက်လိုက်ပြီ

(အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုတရားသူကြီး James Robart ကို တွေ့ရစဉ်) Photo: United States Courts
အမေရိကန် သမ္မတ ထရမ့်က မွတ်စလင်နိုင်ငံတချို့က တရားဝင်ဗီဇာရရှိပြီး ဝင်ရောက်လာသူတွေကို ပြည်ဝင်ခွင့်မပြုပဲ ယာယီတားမြစ်မိန့်ထုတ်ပြန်ခဲ့ပေမယ့် အဲဒီအမိန့်ကို ရပ်ဆိုင်းလိုက်ကြောင်း ပြည်ထောင်စုတရားသူကြီး James Robart က သောကြာနေ့မှာ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဝန်ကြီှးဌာနက စတင်လိုက်နာကျင့်သုံးနေပြီဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ သူ့အမိန့်ကို အခုလိုပယ်ဖျက်လိုက်တဲ့ အဲဒီတရားသူကြီးရဲ့
ဆုံးဖြတ်ချက်ကို သူရှုတ်ချကြောင်းပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ဖွဲ့စည်းပုံဥပဒေအရ ပြည်ထောင်စုတရားသူကြီးရဲ့ အမိန့်ကို အစိုးရကလိုက်နာရတဲ့အတွက် ပြီးခဲ့တဲ့ အပတ်မှာ သမ္မတ ထရမ့် ထုတ်ပြန်ခဲ့တဲ့ ပြည်ဝင်ခွင့်တားမြစ်ချက် အမိန့်ကို လိုက်နာဖို့မလိုတော့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးတွေကို စနေနေ့မှာ ညွန်ကြားခဲ့ပါတယ်။

သမ္မတ ထရမ့် တားမြစ်ထားတဲ့ နိုင်ငံတွေကနေ တရားဝင်ပြည်ဝင်ခွင့် ဗီဇာကိုင်ဆောင်ထားတဲ့ မွတ်စလင် ခရီးသည်တွေကို တင်ဆောင်ရေးအတွက် အခက်ကြုံနေရတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း အခုတော့ စိတ်အေးသွားကြပြီဖြစ်သလို
အမေရိကန်လေဆိပ်တွေမှာလည်း အဆင်ပြေချောမွေ့သွားကြပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကန် သမ္မတ အမိန့်ကို တရားသူကြီး ပယ်ဖျက်လိုက်ပြီ  ကန် သမ္မတ အမိန့်ကို တရားသူကြီး ပယ်ဖျက်လိုက်ပြီ Reviewed by THITHTOOLWIN on 11:59 Rating: 5
Powered by Blogger.