ဇန်နဝါရီ ၆
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်တောင် အဆင်းအကွေ့တွင် ဇန်နဝါရီလ ၆ ရက် နေ့လယ် ၁ နာရီခန့်တွင် တင်ဘာကျောက်တင်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေဆုံးသည် ဟုသိရသည်။
သေဆုံးသွားသူမှာ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှဖြစ်ပြီး အသက်(၃၃)နှစ်အရွယ် ဦးဇော်ဟိန်း ဟု အပေါက်ဝရဲစခန်းမှ ရဲအရာရှိတစ်ဦးမှ ပြောကြားသည်။
“ တိမ်းမှောက်တဲ့ကားထဲမှာ ဒရိုက်ဘာ တစ်ယောက် စပယ်ယာ တစ်ယောက်ပါတယ်။ စပယ်ယာက သေဆုံးပြီးတော့ ဒရိုက်ဘာက ထွက်ပြေးသွားပါတယ်” ဟု အဆိုပါ အရာရှိက နိရဉ္စရာ သို့ပြောသည်။
အဆိုပါ သေဆုံးသူနှင့် ထွက်ပြေးသူတို့မှာကျောက်တင်ကားဖြင့် မီးယပ်ပြင် ကျောက်ကွင်းစခန်းမှ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချို ကျေးရွာသို့သွားခြင်းဖြစ်သည် ဟု သိရသည်။
ထွက်ပြေးသွားသည့် ဒရိုင်ဘာကို ပုဒ်မ၃၀၄(က)ဖြင့်အမှုဖွင့်ထားသည် ဟုလည်း သိရသည်။
မဘုကေ(အပေါက်ဝ)
Narinjara
https://www.facebook.com/Narinjara
ကျောက်တော် ကန်စောက်တောင် အနီးတွင် တင်ဘာကျောက်တင်ကား တိမ်းမှောက်၍ တစ်ဦးသေ
Reviewed by THITHTOOLWIN
on
20:51
Rating:
