ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရ


ဖေဖေါ်ဝါရီ ၅၊ ၂၀၁၇

ဖေဖေါ်ဝါရီလ ၄ ရက် ည ၇ နာရီ ခွဲအချိန်တွင် မောင်တောမြို့နယ်၊ ရေခပ်ချောင်းရွာမှ ဂွဆုံရွာသို့ သွားရာလမ်း၊ ဂွဆုံရွာအဝင် ကိုက် ၅၀၀ ခန့်အကွာရှိ ရေချိုပုဇွန်ကန်အနီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ၍ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကြည့်ရှုရာ သေဆုံးသူမှာ ဂွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ၏ အလောင်းအား စစ်ဆေးရာ လည်ပင်းဝဲဘက် ထိုးသွင်းလှီးဖြတ်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံအောက်ဘက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာနံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ကောက်ဝတ် လှီးဖြတ်ဒဏ်ရာ ၁ ချက်တို့ဖြင့် ထိခိုက်သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငါးခူရ နယ်မြေရဲစခန်းမှ တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရ  ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.