ဟုမ္မလင်းနှင့် မောင်းခမ်းပြေးဆွဲနေသည့် လိုင်းကားတိမ်းမှောက်မှုကြောင့် နှစ်ဦးဆုံး ၁၁ ဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟုမ္မလင်းနှင့် မောင်းခမ်းကျေးရွာ သို့ပြေးဆွဲနေသည့်လိုင်းကား တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရှိခဲ့ကြောင်း ဟုမ္မလင်း မြို့မှရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ဖေဖော်ဝါရီလ (၁)ရက်နေ့ ၁၁း၃၀ နာရီအချိန် ဟုမ္မလင်းမှမောင်းခမ်းသို့ ပြေး ဆွဲနေသော ဟိုင်းလတ် 4Wheel double Cub အဖြူရောင်ကား တစ်စီးသည် ဦးထွန်ကြည် ရာဘာခြုံရှေ့ ဗျူ ဟာလမ်းမ ပေါ်တွင် တိမ်းမောက်ကာ နှစ်ဦးသေပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။
''ဦးထွန်းကြည် ရာပါခြံရှေ့ လမ်းမပေါ်မှာ ကားလင့်ခေါ်(နုတ်ခမ်းမွေးတန်း) ပြုတ်ကျ၍ လမ်း၏ယာဘက် အနိမ့်ပိုင်းတောစပ်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရတယ်ဟု '' မြို့မရဲစခန်းမှူး ဒုရဲမှူး ဦးကြည်စိုးက ပြောသည်။

ဟုမ္မလင်းရဲစခန်းနင့်လူမူရေးအသင်းအဖွဲ့၊မီးသတ်အဖွဲ့များသွားရောက်ကူညီကာ လူနာများကို ကုတင် (၁၀၀)ဆန့် ပြည်သူ့ဆေးရုံ တွင်ကုသနေရကြောင်း ၄င်းကဆက်ပြောသည်။
''ခရီးသည်(၁၃)ဦး မှ အသွင်းလူနာအဖြစ် ကျား(၁)ဦး မ(၉)ဦး ကလေးနှစ်ဦး(ကျား) နှင့် မ(၁)ဦးကတော့ ပြင်ပလူနာ အဖြစ်ကုသနေရပြီး (၃)ဦးကတော့ စိုးရိမ်နေရတယ်လို့ သိရကြောင်း ကျား(၁)ဦး မ(၁)ဦး ကတော့သေဆုံး သွားတယ်ဟု'' ၄င်းကဆက်ပြောသည်။

အဆိုပါကားကိုမောင်းနင်လာသော( ယာဉ်မောင်းလိုင်စင်မဲ့ ) မောင်းခမ်းနေ အဖ ဦးလှငွေ သား ဦးသောင်းပို အား ဟုမ္မလင်း မြို့မရဲစခန်းမှ အရေးယူစစ်ဆေးနေကြောင်း စခန်းမူး ဒုရဲမူးဦးကြည်စိုးကပြောကြားသည်။

The Voice of Shan-Ni
ဟုမ္မလင်းနှင့် မောင်းခမ်းပြေးဆွဲနေသည့် လိုင်းကားတိမ်းမှောက်မှုကြောင့် နှစ်ဦးဆုံး ၁၁ ဒဏ်ရာရ ဟုမ္မလင်းနှင့် မောင်းခမ်းပြေးဆွဲနေသည့် လိုင်းကားတိမ်းမှောက်မှုကြောင့် နှစ်ဦးဆုံး ၁၁ ဒဏ်ရာရ Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.