တောင်ဒဂုံတွင် ပစ်ခတ်မှုဖြစ်ပွား တရားခံပြေး နဂါးလေး ထွက်ပြေးလွတ်မြောက်နေ

ဒဂုံတောင် ရဲနဲ့တရားခံအား ၅ချက် ပစ်ခတ်ဖမ်းတာပါ ဒီကားနဲ့ထွက်ပြေးသွားတာပါ တွေ့သူများ နီးစပ်ရာစခန်းများအားသတင်းပေးခြင်းဖြင့် ကူညီပေးကြပါရန်။ ဓါတ်ပုံ - Nay Myo Chit
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

၁၆.၂.၂၀၁၇ ရက်နေ့ ၁၇၂၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်တွင် မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေငြာထားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များကဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွား၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၁၆.၂.၂၀၁၇ ရက်နေ့ ၁၇၂၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းမယ(ပ)၁၃/၂၀၁၆၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ တရားခံပြေးဖြစ်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့တစ်ခုသို့ 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်များကို ၎င်းမောင်းနှင်သော မော်တော်ယာဉ်ဖြင့် တိုက်ပြီး ထွက်ပြေး သွားခဲ့ပါသည်။

ယင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း တရားခံပြေးဖြစ်သူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် ၎င်းသွားလာနိုင်သည့်နေရာများ၊ မြို့အ၀င်အထွက်ဂိတ်များ၊ စစ်ဆေးရေး ဂိတ်များကို မြို့နယ်ရဲတပ်ဖွဲ့ အချင်းချင်းချိတ်ဆက်ကာ လိုက်လံပိတ်ဆို့ ဖမ်းဆီးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်


တောင်ဒဂုံတွင် ပစ်ခတ်မှုဖြစ်ပွား တရားခံပြေး နဂါးလေး ထွက်ပြေးလွတ်မြောက်နေ တောင်ဒဂုံတွင် ပစ်ခတ်မှုဖြစ်ပွား တရားခံပြေး နဂါးလေး ထွက်ပြေးလွတ်မြောက်နေ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.