နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှ ရီမုမိုင်းငါးလုံးတွေ့ရှိ


နေပြည်တော် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်း၌ မသင်္ကာဖွယ်ရာ စက္ကူပုံးတစ်ခုအား တွေ့ရှိရကြောင်း သတင်းအရ ယနေ့ နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှင်းလင်းရာ အဆိုပါ စက္ကူပုံးအတွင်းမှ အလျား ၆ လက်မ၊ အနံ ၃ လက်မခန့်ရှိ ရီမုမိုင်းငါးလုံးနှင့် ဆက်စပ် ပစ္စည်းများအားသိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိမိုင်းနှင့် ဆက်စပ်ပစ္စည်းများအား သက်မဲ့ပြုလုပ်ပြီး အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှ ရီမုမိုင်းငါးလုံးတွေ့ရှိ နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှ ရီမုမိုင်းငါးလုံးတွေ့ရှိ Reviewed by THITHTOOLWIN on 12:26 Rating: 5
Powered by Blogger.