![]() |
ရွှေ့ပြောင်းအခြေချသူများ ၀င်ရောက်လာစဉ် |
John F Kennedy လေဆိပ်ကို ၀င်ရောက်လာတဲ့ Green Card ကိုင်ဆောင်ထားသူတွေနဲ့ non-immigrant အမျိုးအစား ပြည်ဝင်ခွင့် visa ကိုင်ဆောင်ထားသူတွေကို အခက်အခဲမရှိအောင် နယူးယောက်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
လုပ်ဆောင်နေတဲ့ အခြေအနေတွေအားလုံး ပုံမှန်လည်ပတ်လျှက်ရှိကြောင်း ရှေ့နေ Camille Mackler က AP သတင်းဌာနကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တရားရုံးရဲ့ အမိန့်ထွက်လာခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံသူ ဖါရီဘာ တာဂျရိုစတာမီ ဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခွင့် ရပြီဖြစ်ကြောင်း စနေနေ့မှာ တယ်လီဖုန်းနဲ့အကြောင်းကြား ခဲ့ကြောင်းနဲ့ သူမရဲ့ မောင်နှစ်မတွေ နဲ့ JFK လေဆိပ်မှာ ပြန်ဆုံခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ် သမ္မတရဲ့ အမိန့်ညွှ့န်ကြားချက် ထွက်ခဲ့ပြီး သူမကို တရကီ နိုင်ငံ အစ္စတန်ဘူလ်လေဆိပ်မှာ လေယာဉ်ပေါ် တက်ရောက်ခွင့် မပြုခဲ့ဘူးလို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ သတင်းပတ်က လေယာဉ်ပေါ် တက်ခွင့် မရခဲ့တဲ့ အီရတ်နိုင်ငံအတွင်း USAID မှာ အလုပ်လုပ်ကိုင်နေသူ Fuad Sharef နဲ့ သူ့ရဲ့ မိသားစုဟာလည်း ဆီယက်တယ် လေဆိပ်ကို ရောက်ရှိလာပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကန်ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်မှု နောက်ဆုံးအခြေနေ
Reviewed by THITHTOOLWIN
on
07:46
Rating:
