မိုးကောင်းမြို့ ဇင်ယော်စက်သုံးဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုဖြစ်ပွား


မိုးကောင်း| ဖေဖေါ်ဝါရီ - ၂၅

မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်| ဖိုးချစ်ကုန်းအုပ်စုရှိ ဒေါ်ခင်မာရွှေ၏ ဇင် ယော်စက်သုံးဆီရောင်းဝယ်ရေးဆိုင်၌ ယနေ့မနက်(၁၀)နာရီကျော်ခန့်တွင် မီး လောင်မှုဖြစ်ပွါးကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါစက်သုံးဆီဆိုင်အ တွင်းရှိ 7M/4656(၁၈)ဘီး ဆီဘောက် ဆာယာဉ်အတွင်းမှ ဒီဇယ်ဆီများအား အလုပ်သမားဖြစ်သူ မောင်ရီဝေက ပီပါ အတွင်းသို့ထည့်ရာ ဆီထည့်သည့် ဂေါက်နှင့်ပြောင်းထည့်စဉ် ဆီပေပါနှုတ် ခမ်းနှင့်ပွတ်တိုက်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ပြီး ပီပါအတွင်းရှိ ဆီ(၃)ဂါလံခန့် အား မီးဆက်လက်လောင်ကျွမ်းခဲ့သည်။


ယင်းဖြစ်စဉ်ကြောင့် မြို့နယ်ရှိမီးသတ် တပ်ဖွဲ့ဝင်များ| မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့်ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ ပြီး ဆီပေပါများအား မီးအန္တရာယ်ကင်း လွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြသည်။

ယင်းနောက် ဖြစ်စဉ်ကြောင့် ဝဲ/ယာ ပေါင်ရင်းမှခြေဖျားထိ မီးကူးစက်လောင် ကျွမ်းခံရသူ မောင်ဝေမင်းကျော်သည် မိုးကောင်းဆေးရုံတွင်ဆေးကုသမှု ခံယူ နေကြောင်း| ဇင်ယောဆီဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေအား မိုးကောင်းမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ အရ အရေးယူဆောင်ရွက်နေကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး (၁၀၅၀၀)ကျပ် ဖြစ်ကြောင်းသိရသည်။

သန်းလွင်ဦး| (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးကောင်းမြို့ ဇင်ယော်စက်သုံးဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုဖြစ်ပွား မိုးကောင်းမြို့ ဇင်ယော်စက်သုံးဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.