အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ Everglades ဘေးမဲ့တောတွင် မြန်မာစပါးအုံးများကြောင့် ဂေဟစနစ်ပျက်စီးတော့မည့်အခြေအနေနှင့်ကြုံတွေ့နေရရာ အိန္ဒိယမှ မြွေဖမ်းဆရာနှစ်ဦးကိုခေါ်ယူ၍ နှိမ်နင်းနေရကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် မြွေကိုအိမ်မြွေတိရစ္ဆာန်အဖြစ် လိုင်စင်ယူ၍ မွေးမြူနိုင်သည်ဖြစ်ရာ စပါးအုံးများကြီးရင့်လာချိန်တွင် ဆက်လက်မထိန်းသိမ်းနိုင်တော့သဖြင့် Everglades တွင် လွှတ်ပေးမှုများကြောင့် ဘောမဲ့တောတွင်းရှိကျေးငှက်၊ သမင်နှင့် အခြားတိရစ္ဆာန်ငယ်များ မြွေစာဖြစ်ပြီး လျင်မြန်စွာ ပျောက်ကွယ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ယင်းကြောင့် Everglades တွင် မြွေနှိမ်နင်းရေးကို နည်းမျိုးစုံဖြင့်ဆောင်ရွက်ခဲ့ရာ ယမန်နှစ်ကမြွေဖမ်းပြိုင်ပွဲပင် ပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် လူ ၁၀၀၀ ခန့်ပါဝင်၍ တလအတွင်း မြွေ ၁၀၆ ကောင် ဖမ်းမိခဲ့သည်။
အိန္ဒိယတွင် ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာသည့် Irula မျိုးနွယ်စုမှ မာစီနှင့် ဂိုပါးဆိုသူ မြွေဖမ်းဆရာနှစ်ဦးသည် Everglades တွင် မြွေနှိမ်နင်းရေးဆောင်ရွက်ရာ တလအတွင်းမြွေအကောင် ၅၀ ကျော် ဖမ်းနိုင်ခဲ့သည်။
“မာစီနဲ့ ဂိုပါးကမြွေဖမ်းတာသိပ်တော်တယ်။ သူတို့ကနေရာတခုမှာ မြွေရှိမရှိကိုကြည့်တဲ့နေရာမှာ တကယ့်ပြိုင်စံရှားပဲ။ မြက်တောထဲခိုအောင်းနေတဲ့ မြွေကိုတောင် သူတို့ကမြင်တယ်။ မြွေရိပ်ကိုတွေ့ပြီဆိုတာနဲ့ အဲဒီမြွေ လွတ်လမ်းမရှိတော့ဘူး။ မိပြီပဲ”ဟု ဖလော်ရီဒါတက္ကသိုလ်မှ စပါးအုံးမြွေသုတေသနဆောင်ရွက်သည့် အဖွဲ့ခေါင်းဆောင်တဦးဖြစ်သည့် ဇီဝဗေဒပညာရှင် ဖရန့်မိုဇက်တီကပြောသည်။
မိုင်ယာမီသံတော်ဆင့်သတင်းစာကလည်း မာစီနှင့် ဂိုပါးတို့၏ ထူးခြားဆန်းကြယ်သည့် မြွေနောက်ယောင်ခံလိုက်နည်းအကြောင်းကို ရေးသားခဲ့ပြီး ၎င်းတို့နှစ်ဦးအား ကမ္ဘာ့အတော်ဆုံးမြွေဖမ်းဆရာများအဖြစ် ဖော်ပြသည်။
၎င်းတို့နှစ်ဦးအား ဖလော်ရီဒါ အဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ၀ါနှင့်အရိုင်းသဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မရှင်က ၂ လ ငှားရမ်းထားခြင်းဖြစ်သည်။ မာစီနှင့် ဂိုပါးတို့နှစ်ဦးမြွေဖမ်းရာတွင် လိုက်ပါမှတ်တမ်းတင်သည့် ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်သူ ဂျာနကီလီနင်က“ခုချိန်ထိတော့ သူတို့ကအမေရိကန်မှာနေရတာ ပျော်တယ်လို့ပြောတယ်။ ဒီမှာနေပြီးမြွေတွေ အများကြီးဖမ်းချင်တယ်လို့ပြောတယ်”ဟု ဆိုသည်။
Ref:BBC
အော်စကာ
News Watch
https://www.facebook.com/NewsWatchJournal/
အိန္ဒိယမြွေဖမ်းဆရာနှစ်ဦး အမေရိကန်တွင် အလုပ်ရ
Reviewed by THITHTOOLWIN
on
19:57
Rating:
