တာချီလိတ်၌ လေလင့်နေသော ကလေးငယ်များထံမှ ရွှေထည်ပစ္စည်းများဖမ်းမိ


တာချီလိတ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ကလေးငယ် ခြောက်ဦးထံမှ ခိုးယူလာ ဖွယ်ရှိသည့် ရွှေနှင့် ရွှေရည်စိမ်ပစ္စည်း ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ ကျောက်၊ လက်ကောက်၊ ဟမ်းချိန်း ၁၅ မျိုးတို့ကို ဖမ်းဆီးရမိသည်။


ဖြစ်စဉ်မှာဆေခမ်းရပ်ကွက်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ်ရောင်နီဦးဆီပန့်ရှေ့တွင်ရဲအုပ်အောင်ဆန်းဦးနှင့် အဖွဲ့၊ တာချီလိတ်ခရိုင်ရဲတပ်မှ တပ်ကြပ်ကြီး ကျော်စွာအောင်နှင့်အဖွဲ့၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ကိုကိုဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဆေးခမ်းရပ်ကွက် အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ရောင်နီဦးဆီပန့်ရှေ့တွင် မသင်္ကာဘွယ်တွေ့ရှိသူ သူရအောင်(၁၆ နှစ်)၊ မျိုးဦး(၁၇ နှစ်)၊ အိုက်အောင်(၁၄ နှစ်)၊ ဟိန်းဝင်းထွန်း(၁၇ နှစ်)၊ ဥတ္တလ(၁၆ နှစ်)တို့ ငါးဦးအား ဟောင်လိတ်ရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ¤င်းတို့ ငါးဦးသည် ရွှေထည် ပစ္စည်းများအား ဆေခမ်းရပ်ကွက်နေ တင်မိုးလင်း(၁၇ နှစ်)ထံတွင် ရောင်းချပေးရန် အပ်နှံထားကြောင်း စစ်ဆေးသိရှိရသဖြင့် တင်မိုးလင်း၏ နေအိမ်အား သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ နနွမ်းမကင်းဆွဲသီးပုံပါ အုန်းဆံကြိုးအလုံးပုံ (၃၄)ဂရမ်ခန့် ဆွဲကြိုး တစ်ကုံး၊ အုန်းဆံကြိုးပုံပါ ရွှေဆွဲကြိုး ၇ ဒသမ ၈ ဂရမ်ခန့်ရွှေဆွဲကြိုး တစ်ကုံး၊ ကျောက်နီပါ ရွှေနားကပ် ၂ ဒသမ ၈ ဂရမ်ခန့် တစ်ရံ၊ ယပ်တောင်ပုံပါ ရွှေလက်စွပ် ၇ ဒသမ ၄ ဂရမ်ခန့် တစ်ကွင်း၊ ပုလဲကျောက်ပါ ရွှေလက်စွပ် ၂ ဒသမ ၈ ဂရမ်ခန့် တစ် ကွင်း၊ အသဲပုံဆွဲပြားပါ လေးဒေါင့်ပုံဘတ်ကြိုး ၃၂ ဂရမ်ခန့် တစ်ကုံး၊ အဖြူရောင်ပုလဲအသေး ၁ ဒသမ ၄ ဂရမ်ခန့် နှစ်လုံး၊ အစိမ်းရောင် ကျောက်ပွင့်အသေး ၁ ဒသမ ၅ ဂရမ် ခန့် ၁၉ ပွင့်၊ အဝါရောင်ကျောက် ၅ ဂရမ်ခန့် တစ်လုံး၊ လေးဒေါင့်အုန်းဆံကြိုးပုံကြေးရွှေရည်စိမ် ၄ဝ ဂရမ်ခန့်ဆွဲကြိုး တစ်ကုံး၊ လေးဒေါင့်ဖိုမီးကြိုးပုံ ကြေးရွှေရည်စိမ် ၂၈ ဂရမ် ခန့် ဆွဲကြိုး တစ်ကုံး၊ ကျောက်ဖြူဖဲပြားပုံကြေးရွှေရည်စိမ် လက်ကောက် ၁၇ ဂရမ်ခန့် တစ်ကွင်း၊ အသဲပုံပါ ကြေးရွှေရည်စိမ်ဟမ်းချိန်း ၈ ဂရမ်ခန့် တစ်ကုံး၊ ပန်းပွင်ပုံကြေး ရွှေ ရည်စိမ် နားကပ် ၅ ဂရမ်ခန့် တစ်ရံ၊ ကြေးရွှေရည်စိမ်နားကပ် ၅ ဂရမ်ခန့် တစ်ဖက်တို့ကို တွေ့ရှိသဖြင့် သက်သေများရှေ့ သူရအောင်ပါ ငါးဦးနှင့် တင်မိုးလင်းတို့ထံမှ ရှာဖွေပုံစံ ဖြင့် သိမ်းဆည်းရမိသည်။

''မိဘများ၏ ပြောဆိုဆုံးမမှုကို နာခံမှုမရှိဘဲ လေလွင့်နေတဲ့ ကလေးငယ်တွေ စုစည်းမိပြီး သုံးစွဲစားသောက်ရန် ငွေကြေးလိုအပ်သဖြင့် လူမရှိဘဲ ပိတ်ထားတဲ့ နေအိမ် များကို ပစ်မှတ်ထားပြီး ဝင်ရောက်ခိုးယူတာ ဖြစ်နိုင်တယ်''ဟု ဆေးခမ်းရပ်ကွက် ပြည်သူတစ်ဦးက သုံးသပ်ပြောသည်။


သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပတ်သက်၍ ¤င်းတို့ ခြောက်ဦးအား စစ်ဆေးခဲ့ရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ နေအိမ် အဆောက်အဦ တစ်ခုအတွင်းမှ ခိုးယူလာကြောင်း မသင်္ကာဖွယ်တွေ့ရှိသဖြင့် စုံမ်းဖော်ထုတ်နိုင်ရန် တာချီလိတ်မြို့မရဲစခန်းက (ပ)၄၆/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်၌ လေလင့်နေသော ကလေးငယ်များထံမှ ရွှေထည်ပစ္စည်းများဖမ်းမိ တာချီလိတ်၌ လေလင့်နေသော ကလေးငယ်များထံမှ ရွှေထည်ပစ္စည်းများဖမ်းမိ Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.